အခန်း(၁၉): အစ်ကိုကဒီမှာရှိနေတာကြောင့်
လော့မင်ရဲ့အထောက်အထားက ထူးခြားတာကြောင့်၊ ချန်းယုကို ပြဿနာမဖြစ်စေရန်၊ ချန်းမိသားစုရဲ့ခြံဝန်း၌ ကားကိုရပ်မဲ့အစား၊ သူ့ခြံဝန်းအသေးလေးဆီ ထျန်းဖေအားတိုက်ရိုက်မောင်းနှင်ခိုင်းလိုက်လေသည်။
လော့မင်နေတဲ့ခြံဝန်းက ထောင့်နားလေးမှာရှိလေတယ်၊ ပြီးတော့ အဲဒီနားမှာ ပန်းခြံအသေးလေးရှိလေတယ်။ လူထုဆီ လော့မင်တစ်ခါမှမကြောညာဖူးပေမဲ့လည်း၊ လော့မိသားစုခြံဝန်းလေးတစ်ဝိုက်လှုပ်ရှားလို့မရလေဘူး၊ ဒါပေမဲ့ ခြံဝန်းထဲက နေထိုင်သူတွေကလည်း သိုသိုသိပ်သိပ်ရှိလေသည်။ အချင်းချင်းမပြောဘဲသိနေတဲ့နားလည်မှုအောက်မှာ၊ မင်းစပ်စုချင်နေတယ်ဆိုရင်တောင်မှ၊ အိမ်အနီးအနားကို မင်းသွားလို့မရလေဘူး။
ထို့ပြင်၊ လော့မိသားစုရဲ့ခြံဝန်းရှေ့က အိမ်နှစ်အိမ်ကိုဖယ်လိုက်ပြီးလေပြီ။ သူတို့တွေက အခု လော့မင်အားကာကွယ်နေတဲ့သီးသန့်စစ်သားတွေ အသုံးပြုကြလေသည်။
”တတိယအစ်ကို၊ ငါအရင်သွားတော့မယ်နော်။” ချန်းယု ဈေးဝယ်အိတ်ကိုယူပြီး သွားတော့မလို့ဖြစ်လေတယ်။
”မိန်းကလေး၊” လော့မင် ချန်းယုကို ရုတ်တရက်ရပ်ခိုင်းလိုက်လေသည်။
”အမ်?” ချန်းယု သံသယနဲ့လှည့်လာလိုက်သည်။
လော့မင်ရဲ့မျက်လုံးတွေက သူမဘေးနားကို ကြည့်ရန်လှည့်လိုက်လေသည်။ သူမမြင်နိုင်ပေမဲ့လည်း၊ အေးစက်တဲ့စွမ်းအင်ကိုတော့ လော့မင်မြင်နေရလေတယ်၊၊ “မင်းဒါကိုယူသွား…မင်းအိမ်ကိုပြန်ရင်ဂရုစိုက်သွား။ မင်းအိမ်သွားနေစဉ် အဲ့တာနဲ့စကားမပြောနဲ့။ တကယ်တော့၊ ကမ္ဘာပေါ်မှာ သရဲတွေရှိတယ်ဆိုတာ လူတိုင်းယုံကြည်ကြတာမဟုတ်ဘူး။”
”ညီမသိပါတယ်။” ချန်းယုချိုချိုသာသာပြုံးလိုက်လေသည်။ “ငါအိမ်ပြန်နေချိန် ငါအာရုံစိုက်ပါ့မယ်။ ငါ့အမေကို ငါမခြောက်လန့်ချင်ပါဘူး။”
”သိရင်ရပြီ။” လော့မင်ခေါင်းညိတ်လိုက်လေသည်။
ချန်းယုတံခါးကိုဖွင့်ပြီး ကားပေါ်ကဆင်းလိုက်လေသည်။ ခြံဝန်းထဲကို မောင်းသွားရန် ထျန်းဖေကို လော့မင်အချက်ပြတော့မလိုဖြစ်တယ်၊ မိန်းကလေး ရုတ်တရက်ပြန်လှည့်ကြည့်လာတာကို သူမြင်လိုက်လေသည်။ သူမမျက်နှာကိုတွန့်လိုက်ပြီး သူ့ကိုရှုပ်ထွေးစွာကြည့်လာလေသည်။
BẠN ĐANG ĐỌC
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Lãng mạnမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...