အပိုင္း(၄၈.၃):ချိပ်ဖြည်ပေးခြင်း

2.3K 318 4
                                    

အပိုင်း(၄၈.၃):ချိပ်ဖြည်ပေးခြင်း

“ဘယ်လောက်ကုန်မလဲဆိုတာ ညီမမသိဘူး၊ ဒါပေမဲ့ ကြိုတင်ပြီး ပိုက်ဆံနည်းနည်းရှာထားချင်ရုံပါ။” ချန်းယုပြောလိုက်လေတယ်၊ “လွန်ခဲ့တဲ့နှစ်တုန်းက၊ လမ်းဆောက်ဖို့ အစိုးရက ကူညီပေးတော့မလို့၊ ဒါပေမဲ့ ရန်ပုံငွေနှစ်ရာမီလီယံမရှိတာကြောင့်၊ ဒီစီမံကိန်းကို ရပ်ထားလိုက်ရတယ်။ ဒီတော့၊ နှစ်ရာမီလီယံ ညီမအရင်ရှာထားချင်ရုံပါ။”

ချန်းယု ပြောပြီးနောက်၊ သူမလှည့်လိုက်ပြီး အံဆွဲထဲကနေ ဘဏ်ကဒ်တစ်ခုထုတ်လိုက်ပြီး ပျော်ပျော်ရွှင်ရွှင်ပြောလိုက်လေတယ်၊ “ညီမ ၄၀မီလံယံရှာပြီးထားပြီ။ ဒီနှုန်းနဲ့ဆိုရင်၊ ညီမဘွဲ့မရခင် လုံလုံလောက်လောက် စုထားလို့ရနိုင်လောက်တယ်။”

သူ့ညီမလေးရဲ့ ကြောက်လန့်ဖို့ကောင်းတဲ့ ပိုက်ဆံရှာတဲ့အမြန်နှုန်းကြောင့် ချန်းယန်ကြောက်ရွံ့သွားလေတယ်၊ ဒါပေမဲ့ ဒီလိုထူးကဲတဲ့ပါဝါနဲ့ ပိုက်ဆံရှာတဲ့အရည်အချင်းက သေချာပေါက် ကြီးမားတဲ့အန္တရာယ်ပါရှိနေမှာဖြစ်လေသည်။

သူ့ညီမနဖူးပေါ်က အဖြုရောင်ပတ်တီးကို သူကြည့်လိုက်ပြီး ကျောက်တုံးဥယျာဉ်ပေါ် သရဲဘုရင်ပစ်ပေါက်တာ သူမခံခဲ့ရချိန်ကို ပြန်သတိရလာစေတယ်၊ မနေ့ည လေထဲ လည်ပင်းညှစ်ခံထားရတာပါအပါအဝင်ပေါ့။ သူမမြင်နိုင်တဲ့နေရာမှာ မမြင်နိုင်တဲ့သရဲတွေ မွန်းစတားတွေနဲ့ ချန်းယုတိုက်ခိုက်နေတာကို သူမြင်ယောင်ကြည့်လိုက်လေသည်။ သူမတစ်ကိုယ်လုံး ဒဏ်ရာတော်တော်များများ ခံစားခဲ့ရလေတယ် ဒါပေမဲ့ သူမမိသားစုဆီ ဒီကိစ္စကို အသံထွက်မပြောဆိုရဲလေဘူး။ သူရုတ်တရက် သူ့ကိုယ်သူမုန်းလာမိတယ်၊ သူ့ကိုယ်ပိုင်အရည်အချင်းမပြည့်မှီတာကိုပါ မုန်းတီးမိလေတော့သည်။

ချန်းယုထက် ချန်းယန်က ခြောက်နှစ်ပိုကြီးလေသည်။ ချန်းယုပျောက်သွားချိန်၊ သူ့အသက်ရွယ်ကလေးတွေထက် စိတ်ပိုင်းဆိုင်ရာရင့်ကျက်နေပြီးလေပြီ။ ဆယ်နှစ်ကြာကြာ၊ သူ့ပျောက်သွားတဲ့ညီမလေးကိုတွေးမိတိုင်း ချန်းယန်နေရခက်လာတတ်လေသည်။ ထို့နောက် နောက်ပိုင်း သူ့ညီမလေးကို ရှာတွေ့ချိန်၊ သူမကိုသေချာ‌ကာကွယ်ပေးပြီး သူမနာကျင်လာအောင် ဘယ်သူမှမလုပ်စေရဘူးလို့ သူ့ကိုယ်သူအမြဲပြောဆိုမိလေသည်။ 

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora