အပိုင်း(၅၅.၁):ကျွန်မဖောက်သည်တွေကိုထိခိုက်အောင်မလုပ်လိုက်နဲ့

1.9K 243 1
                                    

အပိုင်း(၅၅.၁):ကျွန်မဖောက်သည်တွေကို ထိခိုက်အောင်မလုပ်နဲ့

သူမနာမည်ကို လူတွေအော်ခေါ်နေတာကို ချန်းယုကြားလိုက်တော့ မယုံသင်္ကာဖြစ်လျက် လှည့်ကြည့်လိုက်လေသည်။ ချင်ယီ၊ ရှောက်ဟွေ၊ ချူရှောင်းနဲ့ ကျန်ဝမ်ဝမ်ကိုမြင်တော့၊ သူမအမူအရာ၊ ချက်ချင်းတောင့်သွာလေတော့သည်။

ချန်းယုစိတ်ထဲ ခန့်မှန်းချက်တစ်ခုထွက်ပေါ်လာလေသည်။ မှန်နေတာပဲ၊ သူမခေါင်းမလှည့်လိုက်ခင်၊ သူမနဲ့မျက်နှာချင်းဆိုင်က တာအိုဆရာတော်ချူအော်ဟစ်လာလေတယ်၊ “တာအိုမိတ်ဆွေ၊ ငါ့ရိုးရာကို မင်းဘာလို့‌ဝင်နှောင့်နေတာလဲ?”

“ကျွန်မ?ဝင်နှောင့်တယ်?” ချန်းယုပြန်လည်ချေပလိုက်လေတယ်၊ “ကျွန်မစီးပွားရေးကိုအရင်ဆုံးလာဖျက်ဆီးတဲ့သူက၊ သေချာပေါက်ရှင်ပဲလေ။”

“စီးပွားရေး?” တာအိုဆရာတော်ချူ နားမလည်နိုင်ဖြစ်နေလေတယ်၊ “ဘာစီးပွားရေးလဲ?”

ချန်းယု သူမနောက်က သရဲနှစ်ဦးကိုလက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်လေတယ်၊ “လေပွေရုတ်တရက်ပေါ်လာပြီး သူတို့ကိုခေါ်သွားချိန်၊ ဒီသရဲတွေကိုပို့ပေးဖို့ ကျွန်မသရဲဂိတ်ဖွင့်နေတာ။ အဲဒီလေပွေကိုရှင်ဖန်တီးခဲ့တာလား?”

“ပို့ပေးတာ?” တာအိုဆရာတော်ချူ မှင်သက်သွားလေသည်။ ရန်လိုနေတဲ့သရဲတွေကို သူနားမလည်နိုင်သလိုတစ်ချက်ကြည့်လာလိုက်သည်။ ဒီလိုမကောင်းမှုဝိညာဉ်တွေက ပြန်လည်အဖတ်ဆယ်လို့ရသေးတာလား?

တာအိုဆရာချူပြန်မဖြေလာခင်၊ ရှန်နန်ကို အသစ်ပေါ်လာတဲ့ကောင်းကင်ဘုံဆရာက ပို့ပေးချင်တယ်ဆိုတာကို လျူရှုချန်ကြားလိုက်တော့၊ သူအော်ဟစ်လိုက်လေတော့တယ်၊ “တာအိုဆရာတော်ချူ၊ အဲဒီမကောင်းမှုဝိညာဉ်ကို မြန်မြန်ရှင်းထုတ်ပစ်လိုက်။ လူတွေကိုကယ်ဖို့ပိုအရေးကြီးတယ်။”

ချန်းယုအသံနောက်လိုက်ပြီး ကြည့်ကြည့်လိုက်တော့ လျူရှုချန်ရပ်နေတဲ့နေရာကို အကြည့်ရောက်လာလေသည်။ လျူရှုချန်မျက်လုံးတွေနဲ့ သူမအကြည့်ချင်းဆုံသွားချိန်၊ မရည်ရွယ်ဘဲ မျက်လုံးမှေးလိုက်လေသည်။ ထိုအမျိုးသားရဲ့တက်ကြွမှု တစ်ကိုယ်လုံးမျောလွင့်နေလေတယ်၊ ဒါက သူ့ကိုယ်ပိုင်အရှိန်အဝါမဟုတ်နေဘူးဆိုတာ သိသာထင်ရှားနေလေသည်။ သဘာဝအမိန့်ကိုဆန့်ကျင်ပြီး အသက်လဲလှယ်ခြင်းကိုအောင်မြင်နိုင်ခဲ့တဲ့သူကို မြင်တွေ့ဖူးတာ ဒါချန်းယုအတွက်ပထမဆုံးအကြိမ်ဖြစ်လေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Nơi câu chuyện tồn tại. Hãy khám phá bây giờ