အပိုင်း(၄၇.၃):သူမနဲ့ပတ်သတ်ပြီး ကျွန်တော်ဂရုစိုက်တယ်
အခုလေးတင်၊ ဟဲကျီ၊ ချန်းယုအသံကိုကြားလိုက်မိသူ၊ အပေါ်ထပ်အနွေးထည်ယူကာရောက်လာပြီး ချန်းယုထံပေးလိုက်ပြီး၊ ပြောလိုက်လေတယ်၊ “မိန်းကလေးချန်းယု၊ မင်းအရမ်းစိုးရိမ်နေဖို့မလိုပါဘူး။ မင်းအရေးကြီးကိစ္စရှိလို့ ကျောင်းကိုပြန်သွားတယ်လို့ မြို့တော်ဝန်ချန်းနဲ့ မဒမ်ချန်းကို အကြောင်းကြားပေးမယ်ဆိုတာ သခင်လေးချန်း မနေ့ညကလာပြီး ပြောသွားပါတယ်။”
“ငါ့အစ်ကို?” ချန်းယု မှတ်မိသွားလေတယ်။ မနေ့ညက သူမအစ်ကိုကြီးရှေ့ သူမအနွေးထည်ကျကျန်ခဲ့ပုံပေါ်လေတယ်: “ငါ့အစ်ကို တစ်ခုခုထပ်ပြောသေးလား?”
“မပြောပါဘူး။” ဟဲကျီ ခေါင်းခါပြလိုက်လေသည်။
ချန်းယု သူမအနွေထည်ကိုင်ထားရင်း ငေးနေတာကိုမြင်လိုက်တော့၊ လော့မင်သူမနားလျှောက်လာကာ ပြောလိုက်လေတယ်၊ “ချန်းယန် မင်းအတွက် ရှင်းပြပေးထားမှတော့၊ မင်းအိမ်ပြန်ဖို့ လောနေစရာမလိုပါဘူး။ မနက်စာအရင်စားလိုက်ရအောင်။”
“ဟုတ်!” ချန်းယု တွေးလိုက်ပြီး တတိယအစ်ကိုပြောတာ အဓိပ္ပာယ်ရှ်ိတယ်လို့ သူမခံစားလိုက်ရလေတယ်။ ထို့ကြောင့်၊ ဆရာမော်ကို သူမနှုတ်ဆက်လိုက်ပြီး ဧည့်ခန်းထဲက ဆိုဖာပေါ်ထိုင်လိုက်လေသည်။
“သွားပြီး မနက်စာပြင်လိုက်၊ ပြီးတော့ ဆေးသေတ္တာပါယူခဲ့လိုက်ဦး။” ဟဲကျီအား လော့မင်ညွှန်ကြားလိုက်လေသည်။
“နားလည်ပါပြီ။” တစ်အောင့်နေတော့၊ ဆေးသေတ္တာယူပြီး ဟဲကျီပြန်လာလေတယ်။
ဆေးသေတ္တာကို လော့မင်ယူလိုက်ပြီး ချန်ယုဆီ လျှောက်လာလိုက်တယ်၊ ချန်ယု နားမလည်စွာ ခေါင်းမော့လာလိုက်လေသည်။
“မင်းနဖူးပေါ်ကဒဏ်ရာကို ဆေးထည့်ဖို့လိုတယ်။” လော့မင်ပြောလိုက်လေသည်။
ချန်းယုမနေနိုင်ဘဲ သူမလက်ကိုမြှောက်ပြီး နဖူးကိုထိကြည့်လိုက်တော့၊ နာနာကျင်ကျင် ညည်းမိလိုက်လေသည်။ သူမတုံ့ပြန်ချက်က လော့မင်ကို မျက်မှောင်ကြှုပ်သွားစေလေတယ်: “မထိနဲ့။”
VOCÊ ESTÁ LENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...