အပိုင်း(၉၆):ဝိညာဉ်စုစည်းရာအစီရင်

1.4K 144 1
                                    

အပိုင်း(၉၆.၁):ဝိညာဉ်စုစည်းရာအစီရင်

လော့မင်က ဒီရက်ပိုင်းတွေမှာ အိပ်ယာထနောက်ကျတတ်လေတယ်။ ယခုတလော၊ သူအိပ်ပျော်သွားတိုင်း အိပ်မက်မက်လေ့ရှိတယ်၊ ဒါက သူ့အိပ်ချိန်ကိုလျော့ကျလာစေလေတော့တယ်။ သူ့မျက်ကွင်းတွေတောင် အတော်လေးညိုနေလေတယ်။

မနက်စားစားဖို့ရန်တောင်တွေးမနေတော့ဘဲ စာဖတ်ခန်းထဲထိုင်ပြီး မနေ့ညကမက်ခဲ့တာတွေကို ခဲတံဖြင့်ရေးဆွဲနေလေတော့တယ်။ အမှန်အတိုင်းပြောရရင်၊ သူအိပ်မက်,မက်လာချိန်ကစပြီး၊ နိုးလာချိန် သူအရင်ဆုံးလုပ်တဲ့အရာက ခဲတံနဲ့စာရွက်ကိုသုံးပြီး သူမနေ့ညကမက်ခဲ့တဲ့အကြောင်းရာတွေထဲက မှတ်မိတာတွေကိုမှတ်တမ်းတင်တာပဲ။

သူအခုလေးတင်ဆွဲလို့ပြီးသွားတဲ့ဟာကို လော့မင်က ကြည့်နေလိုက်လေတယ်။ စာရွက်ဖြူပေါ်မှာ ထူးဆန်းတဲ့ကန့်လန့်ဖြတ်မျဉ်းကြောင်းတွေဖြင့် ဖွဲ့စည်းထားတဲ့ပုံတစ်ခုရှိလေတယ်။ အဲဒီမှာ အညွှန်းတွေမရှိနေလေဘူး၊ ဒါပေမဲ့ ပန်းချီဆရာရဲ့ရှုထောင့်ကကြည့်မယ်ဆိုရင်၊ တမူထူးတဲ့ပေါင်းစပ်ဖွဲ့စည်းမှုကို ပြသနေလေတယ်။ ဒီပုံကားချပ်က သူမနေ့ညမက်တဲ့အိပ်မက်ထဲက အမှတ်မိဆုံးအရာဖြစ်လေတယ်။

“ဒါတွေကဘာတွေလဲ?”

“ဒီစာအုပ်တွေထဲ ရုပ်လွန်ပညာအစီရင်တွေကိုမှတ်သားထားတယ်။”

“ရုပ်လွန်ပညာအစီရင်?” အမျိုးသမီးက တစ်အုပ်တစ်အုပ်ကိုကောက်ယူလိုက်ပြီး ပထမစာမျက်နှာကို လှန်ဖတ်လာလေတယ်၊ “ဝိညာဥ်စုစည်းတဲ့အစီရင်? အဲ့အရာကဘာလုပ်တာလဲ?”

“ဒီအစီရင်က ကောင်းကင်နဲ့မြေကြီးကြားကစိတ်စွမ်းအင်ကို တစ်နေရာထဲမှာ စုစည်းပေးနိုင်တယ်။ ဒါကစိတ်စွမ်းအင်စုစည်းခြင်းအစီရင်ရဲ့အတိုင်းအတာထဲကစိတ်စွမ်းအင်ကို ပိုကြွယ်ဝလာအောင်လုပ်ပေးနိုင်ပြီး၊ ကျင့်ကြံတာမှာလွယ်ကူစေတယ်။”

“လက်တွေ့အသုံးပြုလို့ရတာမျိုးရှိလား?”

“လက်တွေ့? ဘယ်လိုမျိုးလဲ?”

“ကြည့်။ နွေရာသီကမွန်းကျပ်ဖို့ကောင်းတယ်၊၊ ပတ်ဝန်းကျင်က အပူချိန်ကို လျော့လာစေနိုင်တဲ့အစီရင်မျိုးမရှိဘူးလား?”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Where stories live. Discover now