အပိုင်း(၄၀.၁):စိတ်ဝိညာဉ်သန့်စင်တဲ့အစီအရင်

2.1K 315 6
                                    

အပိုင်း(၄၀.၁): စိတ်ဝိညာဉ်သန့်စင်သောအစီအရင်

တကယ်တော့၊ သရဲမိန်းကလေး ကောင်ငယ်ကလေးကို နောက်ဖေးလမ်းထဲက ဦးဆောင်ခေါ်လာကတည်းက၊ ကောင်ငယ်ကလေးပြန်လည်ဝင်စားဖို့ အခွင့်အရေးကိုပါ သူမယူချင်နေတယ်ဆိုတာ ချန်းယု ခန့်မှန်းမိလိုက်လေသည်။ ချန်းယု ဒါကိုခန့်မှန်းမိနေပေမဲ့၊ သူတို့ကို သူမမရပ်လိုက်လေဘူး။ တကယ်တော့၊ သရဲ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် ကျော်ပို့ပေးရန်အတွက် စိတ်ဝိညာဉ်ဂိတ်တံခါးဖွင့်ရုံနဲ့ရလေတယ်၊ ဒီတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး သူမမျက်လုံးတစ်ဖက်ဖွင့်ပြီး တစ်ဖက်ကိုမှိတ်ထားလိုက်လေသည်။ 

ဒါပေမဲ့ သူမမမျှော်လင့်ထားတာက စိတ်ဝိညာဉ်ဂိတ်က ဒီကလေးငယ်လေးကို ငြင်းပယ်လာခဲ့မယ်ဆိုတာပါပဲ။

သူမစိတ်ဝိညာဉ်ဂိတ်ကိုဖွင့်လိုက်တုန်းက နှာဗူးသရဲရဲ့ယင်အရှိန်အဝါကို ချန်းယုခံစားမိလိုက်လေတယ်; ဒါက သရဲအား ဂိတ်ကအသိအမှတ်ပြုတယ်ဆိုတာ သက်သေပြနေလေတယ်၊ ထို့ကြောင့် အလင်းရောင်ပြန်ကန်ထွက်လာချိန်၊ တစ်ခုတည်းသောရှင်းပြချက်က ‘မှောင်ခိုဝင်’လာတဲ့ ကောင်ငယ်ကလေးက မြေအောက်လောကက အသိအမှတ်မပြုတဲ့သူ ဖြစ်နေနိုင်လေသည်။

“မင်းဘာလုပ်လိုက်တာလဲ?!” ကျယ်လောင်တဲ့အော်မြည်သံနောက်၊ သူမကိုတိုက်ခိုက်လာတဲ့ ကြောက်စရာကောင်းတဲ့ရန်လိုစိတ်ကို ချန်းယုခံစားနေမိလေသည်။ ချန်းယု တစ်ဖက်သို့ရှောင်လိုက်ပြီး သူမလက်ကိုမြှောက်ကာ အဆင့်မြင့်ပယောဂနှင်အဆောင်တစ်ခု လွှတ်ပေးလိုက်လေသည်။

လူငယ်ရဲ့ရှေ့ အဆင့်မြင့်အဆာင်ရပ်သွားပြီး၊ နှစ်ခါတုန်ခါပြီးနောက် လောင်ကျွမ်းသွားလေတော့တယ်၊ ညနက်ထဲ ဒီအဝါရောင်မီးတောက် အလွန်ထင်းခနဲဖြစ်နေလေသည်။

“အဝါရောင်?” ချန်းယုရုတ်တရက်ကြည့်လိုက်တော့၊ လူရွယ်ရဲ့မျက်လုံးပြောင်းလဲသွားတာကို မြင်တွေ့လိုက်ရလေသည်။

ချန်းယုကို သေစေနိုင်တဲ့အကြည့် ရှန်နန်ပေးလာလိုက်တယ်၊ သူ့အနက်ရောင်လှပတဲ့မျက်ဝန်းတွေက ‌နီရဲလာကာ၊ အနက်ရောင်နဲ့သွေးနီရောင်ကြား တစ်လှည့်စီပြောင်းလဲနေလေတော့သည်။ ဒါက သရဲရဲ့အကြောင်းပြချက်နဲ့မလိုမုန်းထားမှုကြား ပြောင်းလဲနေတာဖြစ်လေတယ်၊ သူ့စိတ်သာလုံးလုံးပျောက်ကွယ်သွားမယ်ဆိုရင်၊ ဒါဆို သူ့မကောင်းမှုအရှိန်အဝါ ယူသွားခံရမှာဖြစ်လေသည်။ 

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora