အပိုင်း(၅၇.၂):မြေအောက်လောကရဲကိုခေါ်လိုက်

1.8K 255 2
                                    

အပိုင်း(၅၇.၂): မြေအောက်လောကရဲကိုခေါ်လိုက်

“လူကယ်တယ်၊ နှစ်ယောက်လုံးကို။” ချန်းယုတွန့်ဆုတ်တွန့်ဆုတ်ပြောလာလေတယ်၊ “ပယောဂနှင်တဲ့သူတွေအနေနဲ့ ညီမတို့တာဝန်က သက်ရှိလူတွေကို သရဲတွေအနှောက်အယှက်ပေးလာမှာကနေ ကာကွယ်ပေးဖို့ပဲ။”

“မင်းကိုဘယ်သူပြောခဲ့တာလဲ?” ချန်းယန်မေးလိုက်လေသည်။

“ညီမအဘိုးပြောခဲ့တာ၊ အာ။ သူပြောတာ သက်ရှိနဲ့သရဲတွေကြား တစ်ခုခုကိုရွေးချယ်ရတော့မယ်ဆိုရင်၊ ပယောဂနှင်သူတွေက သက်ရှိတွေဘက် လုံးဝရပ်တည်နေရမယ်တဲ့။ မဟုတ်ရင်၊ သူ့လုပ်ပိုင်ခွင့်ထက်ကျော်လွန်သွားရင် မြို့စောင့်နတ်သဘောမကျတာခံရလိမ့်မယ်။” ချန်းယုဖြေလာလိုက်လေသည်။

“မြို့စောင့်နတ်?” သူ့ညီမလေးက ပယောဂနှင်ဆရာဖြစ်နေတယ်ဆိုတာကို ချန်းယန်သိလိုက်တဲ့အချိန်ကစပြီး၊ သရဲတွေနဲ့ပတ်သတ်တဲ့အရာတွေကို စစ်ဆေးကြည့်ဖို့ အင်တာနက်ပေါ်သူသွားခဲ့လေသည်။ ထို့ကြောင့်၊ မြို့စောင်နတ်နဲ့ပတ်သတ်တာအားလုံးကို သူသိထားလေတယ်၊ “မြို့စောင့်နတ်က မြေအောက်လောကက နယ်ခံအရာရှိပဲ၊ သူက အစစ်အမှန်လောကက မြို့တော်ဝန်နဲ့တူညီတယ်။  သူကသေဆုံးသွားတဲ့ဝိညာဉ်တွေကို စောင့်ရှောက်ပေးတဲ့နတ်ဘုရားပဲ၊ ကောင်းမှူကိုဆုပေးပြီး ဆိုးယုတ်မှုကိုအပြစ်ပေးတယ်၊ သေခြင်းရှင်ခြင်း၊ ကံဆိုးခြင်းနဲ့ ပျော်ရွှင်ခြင်း စတာတွေပေါ့၊ ဟုတ်တယ်မလား?”

“ဟုတ်တယ်။” ချန်းယု သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

ချန်းယန်ရဲ့မျက်လုံးတွေတောက်ပလာပြီး ပြောလိုက်လေတယ်၊ “သက်ရှိလောကမှာ၊ ဥပဒေကိုနှင့်အညီ အမှုကိစ္စတွေကို အစ်ကိုတို့တာဝန်ယူစီမံပြီး ပြစ်မှုတွေကိုရုံးတင်စစ်ဆေးဖို့ ဥပဒေကိုသုံးပြီး ရှေ့နေလိုက်ခိုင်းကြတယ်။ ပြောရရင်၊ တစ်ယောက်ယောက်က အပြစ်ရှိစိတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ သူ့ကိုမင်းဘယ်လောက်မုန်းတီးသည်ဖြစ်စေ၊ သူ့ကိုအပြစ်ပေးတဲ့တာဝန်ကို မင်းကိုယ်တိုင်လုပ်လို့မရဘူး။ ဥပဒေဆိုင်ရာရုပ်မြင်သံကြားလှိုင်းတွေကနေ အသနားခံသင့်တယ်၊၊ ပယောဂနှင်သူတွေအပေါ် မြေအောက်လောက၏ကန့်သတ်ချက်တွေက သက်ရှိလောကက ဥပဒေတွေနဲ့ တူညီတယ်လို့ အစ်ကိုအခုတလောကြားထားတာရှိတယ်။ ညီမလေးဆုံးဖြတ်ချက်မချနိုင်နေမှတော့၊ ဒါဆို မြေအောက်လောကရဲ့ဥပဒေကိုသွားမေးကြည့်ကြည့်ပေါ့။”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora