အပိုင်း(၆၄.၁):မကောင်းမှုဝိညာဉ်၏လျှို့ဝှက်ချက်များ
စစ်စက်ရုံ။
စမ်းသပ်ချက်ကို ပိုက်စိပ်တိုက်ရှာဖွေပြီးတော့ ဘာပြဿနာမှမရှိတော့ဘူးဆိုတာကို ဒေတာတွေကိုစစ်ဆေးပြီး အတည်ပြုပြီးနောက်၊ ထိပ်ပြောင်နေတဲ့ခေါင်းဆောင်ဝမ်ကို စကားပြောရင်း လော့မင်လျှောက်ထွက်လာလိုက်လေတယ်၊ “အရင်တစ်ခေါက်ထုတ်လုပ်တဲ့ထုတ်ကုန်တွေမှာ အဓိကပြဿနာဖြစ်နေရတာက ပုံစံဖော်တာမှာ ပုံကြမ်းအသစ်ကြောင့်ပဲ။ ဒီပစ္စည်းရဲ့သိပ်သည်းမှုက သာမန်ပစ္စည်းတွေနဲ့မတူနေဘူး။ အဆုံးသတ်ထုတ်ကုန်ရဲ့ပုံသဏ္ဍာန်ကို ယေဘုယျအားဖြင့် သက်ရောက်မှုမရှိနိုင်ပေမဲ့၊ ကျွန်တော်ရေးဆွဲထားတဲ့ လက်နက်ဒီဇိုင်းတွေက ထုတ်လုပ်မှုအတွက် တိကျတဲ့ပစ္စည်းလိုအပ်ချက်ရှိနေတယ်။ အသေးငယ်ဆုံးသောမတူညီမှုကတောင်မှ ထုတ်ကုန်ရဲ့လုပ်နိုင်စွမ်းကို သက်ရောက်သွားစေနိုင်တယ်။”
“ငါနားလည်ပြီ။ နည်းပညာအဆင့်မြင့်မားလေလေ၊ အသေးစိတ်အချက်အလက်တွေပိုလိုအပ်လေဖြစ်နေတာကို။” ဌာနခေါင်းဆောင်ဝမ်ပြောလာလိုက်ကာ၊ “ဒီပစ္စည်းသစ်ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကထည့်သွင်းခဲ့ပြီး၊ စွမ်းဆောင်ရည်ကလည်း အတော်ကလေးကောင်းမွန်လှတယ်။ အဲဒီမှာတစ်ခါမှပြဿနာမရှိဖူးဘူး၊ ဒါပေမဲ့ ဒီလိုပုံသေဖြစ်နေတဲ့အတွေးအခေါ်ကြောင့်ပဲ အကြောင်းရင်းကိုငါတို့မရှာတွေ့နိုင်ခဲ့တာ။ တော်ဝင်ပညာရှင်လော့၊ မင်းကအရမ်းလေးစားဖို့ကောင်းတာပဲ။”
“အရင်က ဒါကိုကျွန်တော်လည်းမတွေးခဲ့မိဘူး။” လော့မင်မဝင့်ဝါဘဲ ပြောလာလေတယ်၊ “ဒီရက်တွေအတွင်း ထုတ်ကုန်တန်းပေါ်က ကိရိယာအားလုံးကိုကျွန်တော်လေ့လာခဲ့ပြီး၊ အခုချိန်ထိ ပြဿနာကိုမရှာတွေ့နိုင်ခဲ့ဘူး။ ဒါကပွဲကြည့်သူတစ်ယောက်ရဲ့အရေးသာမှုပဲ၊၊ ခေါင်းဆောင်ဝမ်၊ စစ်စက်ရုံထဲ ဒီကုန်ကြမ်းကို ပုံဖော်ဖို့မင်းသုံးလာတာကြာနေပြီလေ၊ ဒီတော့၊ ပုံဖော်တဲ့ပစ္စည်းကို မင်းသံသယမဝင်ဘူးဆိုတာ ပုံမှန်ပါပဲ။”
“ပညာရှင်လော့၊ နှစ်ရက်ထဲနဲ့ ငါတို့ထုတ်ကုန်လိုင်းထဲက ကိရိယာတစ်ရာကျော်ကို မင်းစစ်ဆေးခဲ့တာ။ ဒီအရည်အချင်းက တကယ်ကို...”
![](https://img.wattpad.com/cover/277268277-288-k782124.jpg)
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...