အပိုင်း(၈၆.၂):
ယုံကြည်ချက်ရှိလာကာ၊ ချန်းယုက ခေါင်းကိုငုံ့ပြီး ဟက်ကာ၀၀၁ကိုစာပြန်လိုက်တာက: အိုကေ၊ ငါသဘောတူတယ်။ နေ့လယ်မှာတွေ့ပြီး အဲ့ကျမှ အသေးစိတ်ပြောကြတာပေါ့။
တကယ်တော့၊ နဂိုတုန်းက လော့မင်က ချန်းယုအတွက် ပညာရှင်တစ်ဦးစီစဉ်ပေးရှင်ခဲ့တာ၊ ဒါပေမဲ့ ချန်းယုက ငြင်းဆန်ခဲ့လေတယ်။ ဒီတစ်ကြိမ် သူတို့ဟက်မယ့်ပစ်မှတ်က မြေအောက်လောကကnetworkဖြစ်လေတယ်။ အရင်က လော့မင်တွေးပူခဲ့သလိုမျိုးပေါ့၊ မြေအောက်လောကသာ သူတို့ကိုရှာတွေ့သွားမယ်ဆိုရင်၊ အပြစ်ဒဏ်က ပြင်းထန်ဖွယ်များလေတယ်။ ဒီတော့ ပြစ်မှုကျူးလွန်ရန် လူတစ်ယောက်အား သီသန့်ရှာဖွေနေမှာထက်၊ ဟက်ကာ၀၀၁၊ တံခါးရှေ့ သူကိုယ်တိုင်ဆန္ဒရှိရှိပို့လာခဲ့သူကိုပဲ အသုံးပြုလိုက်တာ အကောင်းဆုံးဖြစ်လေတယ်။
ဟက်ကာ၀၀၁က ချန်းယုကို အင်တာနက်ကနေတစ်ဆင့်ဆက်သွယ်လာခဲ့တာ၊ ဒါက အတိုင်းတာတစ်ခုထိ ကံကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုဖြစ်လေတယ်။ ဒီအပြင်၊ ချန်းယုက တစ်ဖက်လူကို သူမဘာလုပ်ချင်လဲဆိုတာ မပြောပြထားလေဘူး၊ ပြီးတော့ တစ်ဖက်လူကလည်း ဒီကိစ္စကို သာမန်ဟက်တာလို့ပဲ မှတ်ယူထားခဲ့တာ။ ဒီလိုဆိုမှတော့၊ မြေအောက်လောကက နောက်ဆုံးရှာတွေ့သွားခဲ့မယ်ဆိုရင်တောင်၊ ကံကြမ္မာရှုထောင့်ကကြည့်မယ်ဆိုရင် ဟက်ကာ၀၀၁ရဲ့ခေါင်းပေါ် ကြီးမာတဲ့ရာဇဝတ်မှုဖြစ်လာမှာတော့ မဟုတ်လေဘူး။
ဟက်ကာ၀၀၁က အခုဆို ပိုက်ဆံတောင်မလိုချင်လေဘူး။ ဒီကိစ္စသာပေါက်ကြားသွားမယ်ဆိုရင်၊ ချန်းယု လိမ်ညာတာ ခံလိုက်ရတဲ့ သနားဖို့ကောင်းတဲ့လူကလေးပဲဖြစ်သွားမှာ။ ဟက်ကာ၀၀၁အတွက် အနည်းငယ်စိတ်မကောင်းဖြစ်သလိုခံစားရပေမဲ့၊ သူမမှာလည်း ရွေးချယ်စရာမရှိနေလေဘူး။
သင့်တော်သူကိုဆုံးဖြတ်လိုက်ပြီးနောက်၊ ရှန်နန်က မြေအောက်လောကမှာ အားလုံးကိုပြင်ဆင်ထားဖို့ နှစ်ရက်လောက်အသုံးပြုလိုက်ရလေတယ်။ ချန်းယုက ဟက်ကာ၀၀၁၊ မြို့တော်တက္ကသိုလ်မှ ဟဲကျင့်ရှင်းဆိုတဲ့ စီနီယာကွန်ပျူတာသိပ္ပံေကျာင်းသားကို ပြီးပြည့်စုံတဲ့စစ်ဆင်ရေးအတွက် ပြင်ဆင်ထားတဲ့အိမ်ဆီ ခေါ်လာလေတယ်။
VOCÊ ESTÁ LENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...