အပိုင်း(၃၃.၁): တတိယသခင်လေး တစ်ခုခုဖြစ်နေပြီ
နေ့လယ်၁၂:၃၂
အင်ပါယာမြို့နိုင်ငံတော်ကာကွယ်ရေးသိပ္ပံတက္ကသိုလ်
အစိမ်းရောင်စစ်တပ်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လော့မင်ကို စောင့်ကြပ်ပေးနေလေသည်။
“ပညာရှင်လော့၊ ငါ့နောက်ကိုလိုက်ခဲ့။” လော့မင်ရဲ့ လက်နက်ဒီဇိုင်းတွေအပေါ် အောင်မြင်မှုအရ သူ့အား ‘ဆရာ’လို့ခေါ်ဆိုသင့်တာဖြစ်လေတယ်၊ ဒါပေမဲ့ လော့မင်က ငယ်ရွာ်လေတာကြောင့် သူတို့က လော့မင်ကို‘ပညာရှင်’ဟုသာ ခေါ်ဆိုကြလေသည်။ လော့မင်က နိုင်ငံရဲ့သိပ္ပံတက္ကသိုလ်၏အထူးပညာရှင်ဖြစ်လေသည်။
လော့မင် ခေါင်းညိတ်လိုက်ပြီး မျက်လုံးတွေထဲ ခပ်မှိန်မှိန်လင်းနေတဲ့ မျှော်လင့်ချက်တွေနဲ့ ရှေ့သို့သွားနေတဲ့ သက်လတ်ပိုင်းအရွယ်အမျိုးသားနောက်လိုက်လာလိုက်လေသည်။
“ဒီပစ္စည်းက နေ့လယ်တုန်းက မြို့တော်ကို သင်္ဘောနဲ့ရောက်လာခဲ့တာ။” သက်လတ်ပိုင်းအရွယ်အမျိုးသားက လျူမူလို့ခေါ်ပြီး သူက နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်ကျွမ်းကျင်သူဖြစ်လေသည်။ လော့မင်ကို မိတ်ဆက်ပေးရင်း သူရှေ့လျှောက်လာလိုက်လေတယ်၊ “ဒီလက်နက်ကို လန်လင်းမှာ လွန်ခဲ့တဲ့တစ်လလောက်က ရှေးဟောင်းသုတေသနပညာရှင်တွေ တူးဖော်ရရှိခဲ့တာ။”“လန်လင်း? စစ်ကာလတုန်းက ချီယန်နဲ့ဖုန်းယုနိုင်ငံနှစ်ခုကြားမှာ နယ်စပ်တစ်ခုရှိခဲ့တယ်၊ အဲ့တာလား။” လော့မင်ပြောလိုက်လေသည်။
“ဟုတ်တယ်။” လျူမူဆက်ပြောလိုက်လေတယ်၊ “ရှေးဟောင်းသုတေသနအသင်းက ပါမောက္ခဖန်ပြောတာ သင်္ချိုင်းက စစ်ကာလတုန်းက ချီယန်စစ်သူကြီးတစ်ဦးအပိုင်တဲ့; အဲဒီသင်းချိုင်းထဲ အဲဒီခေတ်တုန်းက လက်နက်တွေ အရေအတွက်အများကြီးရှိနေတယ်တဲ့။ အခု သုတေသနအခန်းထဲရှိနေတဲ့ ကြေးနီဓားက သင်းချိုင်းပိုင်ရှင်ရဲ့ခေါင်းတလားထဲက တွေ့ရှိခဲ့တာတဲ့။”
“မင်း ကျွန်တော့ကိုပေးတဲ့စစ်ဆေးချက်ရလဒ်အစီရင်ခံစာအရ၊ အဲဒီကြေးနီဓားကနေ ထူးဆန်းတဲ့စွမ်းအင်ကို ထောက်လှမ်းမိတယ်လို့ မင်းရေးသားထားတယ်။” နေ့လယ်တုန်းက နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနကနေ အစီရင်ခံစာကို လော့မင်ရရှိထားပြီးလေပြီ။ အစီရင်ခံစာထဲ အေးစက်တဲ့စတီးလက်နက်က ထူးဆန်းတဲ့အပူစွမ်းအင်ထုတ်လွှင့်ပေးနေတာက တစ်ခုသာရှိတယ်လို့ရေးသားထားလေသည်။
أنت تقرأ
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
عاطفيةမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...