အပိုင်း(၂၄.၂):အသက်ရှိနေတဲ့သေသူ

2.5K 344 9
                                    

အပိုင်း(၂၄.၂):အသက်ရှိသေသူ

ချန်းယုရဲ့ မေဂျာက ဘဏ္ဍာရေးစီမံခန့်ခွဲမှုဖြစ်လေသည်။ တစ်ယောက်ယောက်သာ ချန်းယုဘာကြောင့် ဒီမေဂျာကိုရွေးလဲသိချင်တယ်ဆိုရင်၊ အဲ့တာက တစ်ကယ်တမ်းတော့ အရမ်းရိုးရှင်းပါတယ်။ ဘဏ္ဍာရေးစီမံခန့်ခွဲတာ၊ တစ်ချက်ကြည့်လိုက်တာနဲ့ ငွေစီမံခန့်ခွဲတာအကြောင်းဆိုတာ မင်းသိနိုင်လေသည်။ သေချာပေါက် သူမစီမံခန့်ခွဲရမယ့်ပိုက်ဆံတွေက သူမကိုယ်တိုင်နဲ့ဘာမှမသက်ဆိုင်ဘူးဆိုတာ မကြာမှီသူမနားလည်သွားလိမ့်မည်၊ သူမမျှော်မှန်းထားသလို ဆက်ဆံရေးမျိုးမဟုတ်ဘူးဆိုတာကိုကောပေါ့။ [T/N: အခြားသူတွေရဲ့ပိုက်ဆံကို စီမံပေးရတာ၊ ကော်ပိုရေးရှင်းတွေလိုမျိုးပေါ့။]

   ဒီနေ့အတွက် သူမအတန်းတွေပြီးသွားပြီးနောက်၊ ချန်းယု သူမစာအုပ်တွေကိုဖက်လိုက်ပြီး သူမအခန်းဖော်တွေနဲ့ အဆောင်ကိုပြန်လာ‌လိုက်လေတယ်၊ အမ် အဆောင်ကိုပြန်တဲ့လမ်းမှာ၊ သူတို့ ချန်းယုဘယ်လိုဖြုလာတဲ့အကြောင်း ပြောဆိုကြလေသည်။

   “ရှီရှီ၊ နင်ကနဂိုကတည်းက ဖြုတာမဟုတ်လား? မဟုတ်ရင်၊ ဒီလိုအချိန်တိုအတွင်း ဒီလိုဖြုလာဖို့ဆိုတာ လုံးဝမဖြစ်နိုင်နေဘူး။” တစ်ပတ်လောက်သူတို့မတွေ့ရတာနဲ့၊ ချန်းယုရဲ့အသားအရေက ဖြုလာပြန်လေတယ်၊ maskကမှော်ဆန်တယ်ဆိုရင်တောင်မှ၊ ဒီလိုဖြုလာဖို့ဆိုတာမဖြစ်နိုင်လေဘူး၊ အိုကေ?

   ချန်းယု အမေချန်းရဲ့အသားအရေက ဘယ်လိုဖြုဖွေးပြီး ပန်းရောင်သန်းနေလဲဆိုတာ ပြန်တွေ့ကြည့်လိုက်ပြီး၊ ခေါင်းညိတ်လိုက်လေတယ်၊ “ငါနဂိုတုန်းက တော်တော်ဖြုလောက်မယ်ထင်တယ်။”

   “ ‘တော်တော်’ ဖြုတယ်ဆိုတာ ဘာတုန်း အာ၊ ဖြုတာကဖြုတာလေ မည်းတာကမည်းတာ။” ဟန်ယော သိချင်စိတ်နဲ့မေးလိုက်လေသည်။

   “ငါ့ကလေးဘဝတုန်းက ချင်းမူစီရင်စုမှာပဲနေနေခဲ့တာ၊ ပြီးတော့ နေထဲ အမြဲနေနေတာ၊ ဒါကြောင့် ငါ့အသားအရေကမည်းလာတာ၊ ဒါပေမဲ့ ငါ့အမေရဲ့အသားအရေက တော်တော်ဖြုတယ်။” ချန်းယုရှင်းပြလိုက်လေသည်။

   “ဒီတော့ ဒီလိုဖြစ်နေတာကို၊ ဒါဆို အံ့ဩစရာမရှိတော့ပါဘူး။” သဘောပေါက်ခြင်းဆိုတာက သူတို့သုံးယောက်အပေါ် ရုတ်တရက်လင်းပေးလာလေတော့သည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Where stories live. Discover now