အပိုင်း(၅၆.၃):မတရားဘူး
“ငါသေသွားပြီးနောက်၊ ငါ့ကိုယ်ကနေ ငါ့ဝိညာဉ်ထွက်သွားလို့မရအောင် ချုပ်ချယ်ထားခံခဲ့ရတာ။ အဲဒီနောက်တော့၊ မြို့တော်အပြင်ဘက် တောင်တန်းတစ်ခုဆီ လျူမိသားစု ငါ့ကိုခေါ်လာခဲ့တယ်၊ ငါ့ကိုအရင်ကမင်းမြင်ခဲ့တဲ့နေရာပေါ့။ ငါ့ကိုအကျဥ်းချထားဖို့ အစီအရင်တစ်ခုသူတို့ခင်းကျင်းခဲ့ပြီး ငါ့ကံကြမ္မာကိုလုယူခဲ့ကြတာ။” ရှန်နန်အသံရုတ်တရက်အေးစက်လာလေတော့တယ်၊ “အဲဒီနေ့က၊ ကောင်းကင်ဘုံဆရာက ငါ့ဝိညာဉ်မပျံ့သွားသရွေ့၊ အစီအရင်ဖျက်ဆီးခံရမှာမဟုတ်ဘူး။ ငါအကျဉ်းချခံထားရတဲ့နေရာကနေ ငါမထွက်သွားသရွေ့၊ ငါ့ကံက လျူမိသားစု၏မျိုးဆက်တွေ နှစ်ပေါင်းများစွာခိုလှုံခွင့်ရဖို့ ဆိုက်ရောက်လာလိမ့်မယ်။”
“ဒီတော့၊ ကံစီမံရာကို ငါဘယ်လိုလုပ်လက်ခံနိုင်တော့မှာလဲ?” ရှန်နန်တုံ့ပြန်လိုက်လေတယ်၊ “ဒါကြောင့်၊ ငါကျင့်ကြံတာအောင်မြင်မှုအနည်းငယ်ရလာတော့၊ ငါသူတို့ကိုကျိန်စာတိုက်ခဲ့တယ်။ ငါ့ကံသယ်ပြီး ကာကွယ်တာကို လျူမျိုးဆက်တွေလက်ခံထားနေသရွေ့၊ သူတိူ့၂၅နှစ်ထက်ကျော်အောင်နေခွင့်မရှိစေရဘူး။”
“နှစ်၆၀၀ကြာသွားခဲ့ရင် လျူမိသားစုဝင်တွေ အားလုံးနီးပါးသေနေလောက်ပြီလို့ ငါထင်ထားခဲ့တာ၊ ဒါပေမဲ့ ငါထင်ထားတာနဲ့မတူတာက၊ သူတိူ့ကငါတွေးနေတာထက်တောင် ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ခဲ့တာ။” ရှန်နန် ချန်းယုကိုမေးလိုက်လေတယ်၊ “ကောင်းကင်ကမတရားဘူး။ ငါဘယ်လိုလုပ်ရပ်နိုင်မှာလဲ? ငါသာရပ်လိုက်ရင် ဘယ်သူကငါ့ကိုတရားမျှတမှုလာပေးမှာလဲ?”
“...” ချန်းယု ဘာစကားမှမပြောလာနိုင်လေတော့ဘူး။
ချန်းယု လော့မိသားစုခြံဝန်းလေးဆီပြန်လာတော့၊ သူမကျောက်ပုစွန်စားချင်စိတ်တောင်မရှိနေတော့ဘူး။ ကိစ္စအစအဆုံးကို လော့မင်ကိုသူမပြောပြလာလိုက်လေသည်။
“ရှန်နန်ကြောာင့် သူတို့လျူမိသားစုမျိူးဆက်က ၂၅နှစ်ကျော်အောင်နေလို့မရဘူးဆိုတာ သူတို့သိနေတယ်၊ ဒါပေမဲ့ နှစ်၆၀၀ကျော်တာတောင်၊ သူတို့ထဲကဘယ်သူမှ ရှန်နန်ဆီခွင့်လွှတ်ပေးဖို့လာမတောင်းဆိုခဲ့ကြဖူးဘူး။” ချန်းယုပြောလိုက်လေသည်။
أنت تقرأ
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
عاطفيةမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...