အပိုင်း(၂၈.၁):သရဲအနိုင်ကျင့်တာခံရခြင်း

2.4K 323 1
                                    

အပိုင်း(၂၈.၁): သရဲအနိုင်ကျင့်တာခံရခြင်း

   အသက်ရှိသေသူ နောက်ဆုတ်သွားပေမဲ့လည်း၊ ညတာကရှည်ကြာပြီး အဲ့တာပြန်လာနိုင်လား မလာနိုင်ဘူးလားဆိုတာ ဘယ်သူမှအာမခံနိုင်တာမဟုတ်လေဘူး၊ ဒီတော့ ချန်းယု အာရုဏ်တက်ချိန်ရောက်တဲ့အထိ စံအိမ်၌နေနေရလေတော့သည်။

   ဆယ်နာရီကျော်သွားတာနဲ့၊ ချန်းယုဆိုဖာပေါ်၌ အိပ်ပျော်သွားလေတော့သည်။ သူမမနက်ဖြန်အတန်းတက်ရဦးမှာဖြစ်လေတယ်၊ သူမထပ်မအောင့်ခံနိုင်လေတော့ဘူး။

   သူ့ကိုကာကွယ်ရမယ့် ကောင်းကင်ဘုံဆရာ အိပ်ပျော်သွားတာကို မြင်လိုက်တော့၊ တုန်ချောင်း ဒေါပွသွားလေသည်။ သူဒီလူကို တကယ်ပဲ နိုးလိုက်ချင်နေလေသည်။ ဒီသခင်လေးက အန္တရာယ်ရှိနေတာလေ ဒါပေမဲ့ မင်းကတော့ အိပ်နေနိုင်သေးတယ်ပေါ့? သို့သော်၊ သူခြေလှမ်းနှစ်လှမ်းသာလှမ်းရသေးတယ်၊ ဟဲကျီ၊ ချန်းယုကိုစောင့်ရှောက်ပေးနေတဲ့သူ၊ တစ်ချက်စောင်းကြည့်လာလေတော့သည်။ အချို့အကြောင်းပြချက်တွေကြောင့်၊ တုန်ချောင်း သူ့ကိုယ်ဗီဇအရ လှုပ်နေတာရပ်လိုက်တော့သည်။

  သူ့ခြေလှမ်းတွေကို တိတ်တိတ်လေးပြန်ဆုတ်လိုက်ပြီး၊ ချန်းယုနဲ့အနီးဆုံးဆိုဖာကို ရှာလိုက်ကာ ထိုင်ချလိုက်လေသည်။ ထားလိုက်တော့၊ ငါအနီးနားလေးထိုင်နေတာပဲ ပိုကောင်းပါတယ်လေ။

   တုန်ချောင်းရဲ့စိတ်ထင့်နေတာကို ကျန်ဟွေမြင်လိုက်လေတယ်၊ ဒီတော့ သူစိတ်အေးစေရန် လျှောက်သွားလိုက်တယ်၊ “သခင်လေးတုန်၊ စိတ်မပူပါနဲ့၊ အဲဒီမွန်းစတားလာရင်၊ ကောင်းကင်ဘုံဆရာချန်း သေချာပေါက်ခံစားလို့ရပါတယ်။”

   ကျန်ဟွေရှင်းပြတာကို ကြားလိုက်ပြီးနောက် တုန်ချောင်းစိတ်အေးသွားလေတော့တယ်၊ ချန်းယုအိပ်ပျော်သွားတာနဲ့ပတ်သတ်ပြီး သူစိတ်မပူတော့လေဘူး၊ ထိုအစား၊ တစ်ဖက်လူက စွမ်းအင်ပြန်ဖြည့်နေတာလို့ သူခံစားလိုက်ရလေသည်။ ထို့ကြောင့်၊ သူလည်း သူ့ခြေထောက်ကို ဆိုဖာပေါ်ထားပြီး ချန်းယုလို အိပ်ပျော်သွားလေတော့သည်။

   ဒါကအရမ်းစိတ်ချလက်ချ မဖြစ်နေဘူးလား?!

   ညကျော်လွန်သွားလေပြီး၊ သူမတစ်ခုခုကို ခံစားလိုက်ရသလိုမျိုး၊ နေထွက်လာတာနဲ့ ချန်းယု သူမမျက်လုံးတွေကို ဖွင့်လိုက်လေတယ်၊ “အာရုဏ်တက်ချိန်?”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora