အပိုင်း(၆၅.၁):ခေါင်းလောင်း
သူ့မတိုင်ခင် ဝူလီကိုရှာဖွေတဲ့အကြောင်းနဲ့ပတ်သတ်ပြီး အဘိုးယန်ဒေါသတကြီးဖြစ်သွားခဲ့ပေမဲ့၊ ဆရာမော် ညတွင်းချင်းအကူညီလာတောင်းချိန်၊ ဆရာမော်နဲ့အတူ အဘိုးယန် စစ်စက်ရုံဆီလိုက်ပါသွားခဲ့လေသည်။
“မင်းဘယ်လိုထင်လဲ?” အဘိုးယန်စမ်းသပ်စစ်ဆေးပြီးတဲ့အပြီး ဆရာမော်စောင့်လိုက်ပြီးနောက်၊ စိတ်အားထက်သန်စွာမေးလာလိုက်လေသည်။
“သူ့ကိုယ်ထဲ မကောင်းမှုစွမ်းအင်နှစ်မျှင်ရှိနေတာ၊ သေးတဲ့တစ်ခုက သူစုပ်ယူခဲ့တဲ့ဇွန်ဘီးရဲ့မကောင်းမှုစွမ်းအင်ဖြစ်နိုင်တယ်။” ပြောပြီးနောက်၊ လော့မင်ကို အဘိုးယန်တအံ့တဩကြည့်လာလေတယ်၊ “ဇွန်ဘီးရဲ့မကောင်းမှုစွမ်းအင်ကို စုပ်ယူနိုင်တဲ့သူကိုမြင်ဖူးတာ ဒါငါ့အတွက်ပထမဆုံးအကြိမ်ပဲ။”
အဘိုးယန်ကို ခါးသီးတဲ့အပြုံး လော့မင်ပြုံးပြလိုက်လေသည်။
“ဒါဆို မင်းမှာဖြေရှင်းဖို့နည်းလမ်းရှ်ိလား?” ဆရာမော်မေးလိုက်လေသည်။
“ဇွန်ဘီးရဲ့မကောင်းမှုစွမ်းအင်က သူနဲ့အပြည့်အဝမပေါင်းစပ်သွားသေးဘူး၊ ဒီတော့ ငါသူ့အတွက် ကူပြီးသန့်စင်ပေးလို့ရတယ်။” အဘိုးယန်ပြောလိုက်လေတယ်၊ “ဒါပေမဲ့၊ သူ့ထဲကမကောင်းမှုစွမ်းအင်နဲ့ပတ်သတ်တာကိုတော့ ငါလည်းဘာမှမလုပ်ပေးနိုင်ဘူး။”
“လော့မင်က ဇွန်ဘီးလိုမကောင်းမှုစွမ်းအင်နဲ့မျိုးတူနေတာကိုသယ်ဆောင်ထားတာ။” ဆရာမော် သိချင်မိသွားလေတယ်၊ “ဇွန်ဘီးရဲ့မကောင်းမှုစွမ်းအင်ကို မင်းသန့်စင်ပေးနိုင်ရင်၊ သူ့ဟာကိုကျမင်းဟာလို့မလုပ်ပေးနိုင်ရတာလဲ?”
“ငါသန့်စင်ပေးလို့ရတယ်၊ ဒါပေမဲ့ ဒီကလေး သေချာပေါက်ရှင်နိုင်မှာမဟုတ်ဘူး။” အဘိုးယန်မျက်လုံးလှိမ့်ပြလိုက်လေသည်။
“ချုံမင်၊ ဒီလိုအချိန်မျိုးမှာ မစနောက်နေနဲ့။” ဆရာမော် ပြင်းထန်စွာအပြစ်တင်လိုက်လေသည်။
“ဘယ်သူကမင်းနဲ့စနေယက်နေလို့လဲ?” လော့မင်ကို လက်ညှိုးထိုးပြပြီး အဘိုးယန်ပြောလာလေတယ်၊ “သူ့ကိုယ်ထဲကမကောင်းမှုဝိညာဥ်က သူ့ရုပ်ပိုင်းဆိုင်ရာကိုယ်ထဲရှိနေတာမဟုတ်ဘူး၊ ဒါပေမဲ့ သူ့ဝိညာဉ်ကနေလာတာပဲ။ သူ့ကိုယ်ထဲကမကောင်းမှုစွမ်းအင်ကို ငါသာအတင်းအဓမ္မ သန့်စင်လိုက်ရင်၊ သူ့ဝိညာဉ်ကိုအမြစ်ဖြတ်သုတ်သင်တာနဲ့အတူတူပဲ။ ပြီးတော့၊ သူအပြင်ကစုပ်ယူထားတဲ့မကောင်းမှုစွမ်းအင်ကို ငါသန့်စင်နေနိုင်တာကလည်း ဒါကသူ့မရီဒန်ထဲ ကျန်ရှိနေသေးတာကြောင့်ပဲ။ မင်းရက်အနည်းငယ်ကြာတဲ့အထိစောင့်လိုက်၊ သူလုံးလုံးစုပ်ယူသွားလိမ့်မယ်။ ဒါဆို အဲ့တာရဲ့အပိုင်းအသေးလေးကိုတောင် ငါသန့်စင်ပေးနိုင်တော့မှာမဟုတ်ဘူး။”
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...