အပိုင်း(၉၇.၂)
လော့မင်မျက်နှာပေါ်က နာကြည်းမှုနဲ့ ပူဆွေးမှုအား မြင်လာလိုက်ရတော့၊ ဆရာမော်က အများကြီးမတွေးနေမိလေဘူး။ ပထမဆုံးအကြိမ် ဒီသမိုင်းအကြောင်း သူကြားခဲ့ရတုန်းက၊ သူလည်း ဒေါသထွက်ပြီး မခံမရပ်နိုင်ဖြစ်ခဲ့လေတယ်၊ “ဒါပေမဲ့ ကောင်းကင်ဘုံကသည်းခံမနေခဲ့ပါဘူး။ မင်းသားကြီး နန်းတက်လာပြီးတော့၊ ရှီတိုင်းပြည်က သုံးနှစ်တိုင်တိုင် မိုးခေါင်ခဲ့တာ။ နေရာတိုင်းမှာ ငတ်မွတ်နေတဲ့ပြည်သူတွေနဲ့၊ ဝမ်းစာမရှာနိုင်တော့တဲ့လူတွေကြည့်ပဲ။ အဆုံးမှာတော့၊ ကျင်တိုင်းပြည်က သူတို့ကိုရှင်းထုတ်ပစ်ခြံတာ။”
“သုံးနှစ်တိုင်တိုင်မိုးခေါင်ခဲ့တာ?” လော့မင်စိတ်ထဲ တစ်စုံတစ်ခုပေါ်ထွက်လာလေတယ်။
“ဒီစာအုပ်ကိုမထိလိုက်နဲ့။”
“ဒါဘာလဲ?”
“ဒါကတားမြစ်နည်းပညာ၊”
“တားမြစ်နည်းပညာကဘာလဲ?”
“ဒါကိုသုံးလိုက်ပြီးတာနဲ့မကောင်းတာတစ်ခုခုဖြစ်လာတာမျိုးပေါ့၊”
“ဒုန်း!”
“လော့မင်!” လော့မင်မမေ့မြောသွားခင်၊ ဆရာမော်ရဲ့ ထိတ်လန့်သွားတဲ့မျက်နှာကို မြင်တွေ့လိုက်ရလေတယ်။
မဒမ်လု့ဝိညာဉ်ပေါ် ချန်းယုက ဝိညာဉ်တည်ငြိမ်ခြင်းမန္တန်းအသုံးပြုပေးပြီးနောက်၊ မဒမ်လုဝိညာဉ်က မြဲမြံလာလေတော့တယ်။ သူမမနိုးလာသေးတာကြောင့် ချန်းယုထွက်မလာနိုင်သေးတာ။ မရတဲ့အဆုံး၊ လုမိသားစုစံအိမ်မှာနေပြီး မဒမ်လုနိုးလာမှာကို စောင့်နေလိုက်လေတယ်။
လုကျင်းကျန်းက သူ့ဇနီးနဲ့အတူနေပြီး ချန်းယုအား လျှောက်ပတ်ပြဖို့ သူ့သားထံ အပ်ထားခဲ့လိုက်လေတယ်။
ချန်းယုက လုမိသားစုဧည့်ခန်းထဲထိုင်ကာ ကိတ်မုန့်စားနေရင်း ဧည့်ခန်းထဲကဓာတ်ပုံတွေကို လိုက်လံကြည့်ရှုနေခဲ့တာ၊ ထို့နောက်မှာတော့၊ ဓာတ်ပုံတစ်ပုံထဲ၌ အလှလေးတစ်ဦးရဲ့ပုံကို သူမမြင်လိုက်ရလေတယ်။ အဖြူအမည်းဓာတ်ပုံကို လက်ညှိုးထိုးပြလာပြီး မေးလာလေတယ်၊ “ဘယ်သူလဲ?”
BẠN ĐANG ĐỌC
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Lãng mạnမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...