အပိုင်း(၉၀.၁):အိပ်မက်လောက
နောက်နေ့မနက်ခင်းစောစော၌ ချန်းယန်က သူ့ညီမလေးအား လေဆိပ်ကိုလိုက်ပို့ပေးလိုက်လေတယ်။ လမ်းတစ်လျှောက်မှာ၊ ချန်းယုက ကားပေါ်အိပ်ပျော်နေခဲ့တာ။ ချန်းယန်က နောက်ဘက်ကို အကြိမ်ကြိမ်လှမ်းကြည့်ပြီးနောက် ဖြည်းဖြည်းမောင်းလာပြီး၊ ကားအားချောချောမွေ့မွေ့မောင်းနှင်လာလိုက်လေတယ်။
လေဆိပ်ဆီသူတို့ရောက်တော့၊ နောက်ခုံမှာမှီကာအိပ်ပျော်နေသေးတဲ့ ချန်းယုအား၊ နှိုးလိုက်ရလေတယ်။ ချန်းယုက သူမမျက်လုံးတွေကို အိပ်ချင်မူးတူးပွတ်သပ်လိုက်ပုံက၊ ဒီနေ့က ဘာနေ့လဲဆိုတာကို မသိနေသလိုမျိုးပေါ့။
“ညီမလေး ညတုန်းကသရဲဖမ်းဖို့ထပ်ထွက်သွားခဲ့သေးတာလား?” တစ်စုံတစ်ယာက်သာဖြစ်နေမယ်ဆိုရင်၊ မနေ့ညတုန်းက သရဲမြင်လိုက်လို့လားလို့ ချန်းယန်မေးလာမှာဖြစ်လေတယ်၊ ဒါပေမဲ့ သူ့ညီမလေး သရဲတွေကိုမြင်ရတာက ပုံမှန်သာဖြစ်လေတယ်။
“ဟင့်အင်း၊” ချန်းယုက ငိုင်တိုင်တိုင်ဖြစ်လျက် ပြန်ဖြေလာလေတယ်၊ “ညီမအိပ်မပျော်လို့ပါ၊ အိပ်မက်တွေပဲ ဆက်တိုက်မက်နေလို့။”
ချန်းယန်က သက်ပြင်းချလိုက်ပြီး လမ်းမှာ ချန်းယုအတွက်ဝယ်လာခဲ့တဲ့မနက်စာကို သူမအားပေးလိုက်ပြီး၊ “ဒီမှာထိုင်ပြီး တစ်ခုခုအရင်စားလိုက်ဦး။ မင်းလေယာဉ်လက်မှတ်ကို အစ်ကိုသွားကူစစ်ပေးမယ်။”
“အိုကေ၊၊ ကျေးဇူးတင်ပါတယ်၊ အစ်ကိုကြီး။” ချန်းယုက မနက်စာကိုယူပြီး၊ အထဲကပေါင်မုန့်ကိုထုတ်ကာ စားလိုက်လေတယ်။
“ဒါနဲ့၊ အဘိုးဝူမရောက်သေးဘူးလား?” ဒီတစ်ကြိမ် သူ့ညီမလေးက အဘိုးဝူနဲ့အတူခရီးသွားမယ်ဆိုတာကို ချန်းယန်သိလေတယ်။ ချန်းယုကဘာအတွက်လဲဆိုတာကို အတိအကျမသိသလို၊ ချန်းယန်ကလည်း ဂိုဏ်းအမွေအနှစ်နဲ့ပတ်သတ်တယ်ဆိုတာကိုပဲ သိလေတယ်။
“သူ့ကိုစိတ်ပူမနေနဲ့၊၊ သူလမ်းမပျောက်နိုင်ဘူး။” ချန်းယုက ပေါင်မုန့်ကိုစားရင်း မပီမသပြောလာလေတယ်။
“...” ဒီလို သူ့ညီမလေးပြောတာက မသင့်တော်လေဘူးလို့ ချန်းယန်တွေးမိလေတယ်၊ ဒါပေမဲ့ သူ့ညီမလေးနဲ့ အဘိုးဝူကြားကဆက်ဆံရေးကိုတွေးမိလေတော့၊ သူဘာမှမပြောလာခဲ့လေတော့ဘူး။ ချန်းယု လေယာဉ်လက်မှတ်စစ်ဆေးကြည့်ကူရန် လှည့်လာလိုက်လေသည်။
BẠN ĐANG ĐỌC
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Lãng mạnမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...