အပိုင်း(၂၄): အသက်ရှိနေတဲ့သေသူ
နောက်နေ့မနက်ခင်း ချန်းယု အောက်ထပ်ကို ထော့နဲ့ထော့နဲ့လျှောက်လာတော့၊ သူမတစ်မိသားစုလုံးကို လန့်သွားစေလေတော့သည်။
အမေချန်း ထိတ်လန့်စွာမေးလိုက်လေတယ်၊ “ရှီရှီ၊ သမီးခြေထောက်ဘာဖြစ်တာလဲ?”
“အဆင်ပြေပါတယ်၊ အဆင်ပြေပါတယ်။” ဖိနပ်ပါးတွေစီးထားစဉ် ခြေတစ်ဖက်ထဲနဲ့ ချန်းယုခုန်ပေါက်လို့မရလေဘူး၊ ဒီတော့ လက်ရန်းကိုကိုင်ကာ တစ်လှမ်းချင်းစီ အောက်ထပ်သို့ ဆင်းလာလိုက်လေသည်။ “မနေ့ညတုန်းက သမီးသန့်စင်ခန်းသွားတုန်း၊ သမီး မတော်တဆခွက်ကွဲသွားပြီး အဲ့ကဖန်ကွဲစပေါ် တက်နင်းမိသွားလို့။”
သူမလိမ်တာ အရှိအတိုင်းပိုဖြစ်သွားအောင်၊ သူမအခန်းထဲကဖန်ခွက်ကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ ချန်းယုခွဲလိုက်ရလေသည်။
“ဘာ? ဖန်ကွဲစရှတယ်ဟုတ်လား၊ မြန်မြန်၊ အမေကြည့်ကြည့်ရအောင်၊ အောက်ထပ်ကိုမဆင်းလာနဲ့တော့၊ ချန်းယန်၊ သွားပြီး သားညီမကိုကူပေးလိုက်။” အမေချန်းကျယ်ကျယ်ပြောလိုက်ကာ၊ သူမအသံက ရှစ်တွဲသံထိတောင်ရောက်နိုင်လေသည်။
“အဆင်ပြေတယ်၊ အဆင်ပြေတယ်…” ချန်းယုရဲ့ ‘အဆင်ပြေတယ်’ဒလဟောလိုက်ပြောဆိုနေချိန်၊ အကြီးဆုံးအစ်ကိုချန်း လျှောက်လာနေပြီဖြစ်ပြီး သူမကို လှေကားပေါ်ကနေ ဆိုဖာပေါ်အထိ သယ်လာလေတော့သည်။
ချန်းယု သုံးလှမ်းသာလှမ်းရန်ကျန်ရှိတော့တဲ့ လှေကားထစ်တွေကို တိတ်တိတ်လေးလှည့်ကြည့်လိုက်ကာ၊ တကယ်ကြီးမလိုပါဘူး၊ တကယ်ပါ!
“ဒဏ်ရာက ပြင်းလားဆိုတာအမေကြည့်ကြည့်ရအောင်။” သူမသမီးရဲ့ခြေထောက်ကိုကြည့်ဖို့ အမေချန်းကိုယ်ကိုင်းလိုက်လေသည်။
“ဒဏ်ရာမမပြင်းပါဘူ၊ သမီး ပတ်တီးစီးပြီးသွားပါပြီ။” ချန်းယု ဖိနပ်ပါးကနေ သူမခြေထောက်တွေကို လျင်လျင်မြန်မြန်ထုတ်လိုက်ကာ၊ စိတ်ပူပန်နေတဲ့ ချန်းမိသားစုဝင်သုံးဦးကို ပြလိုက်လေသည်။
အမေချန်း သူမသမီးရဲ့ခြေထောက်ကို ပတ်တီးစီးပြီးသွားပြီဆိုတာမြင်လိုက်တော့၊ တစ်ချိန်ထဲမှာပဲ၊ သူမငိုနေရင်း ဝမ်းနည်းမှုတွေဖြတ်ခနဲပေါ်လာလေတော့သည်။
DU LIEST GERADE
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romantikမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...