အပိုင်း(၃၀.၁): တာဝန်ယူဖို့ မေ့တော့မလို့
အခြားသူတွေနဲ့ ဆယ်မီလီယံခွဲယူရမှာကို ကာကွယ်ရန်အတွက်၊ လျန်နဲ့ချင်းကောင်းကင်ဘုံရာနှစ်ဦး လှုပ်ရှားရန်အခွင့်အရေးမပေးဖို့ ချန်းယုဆုံးဖြတ်ချက်ချလိုက်လေသည်။
နက်နဲသိမ်မွေ့တဲ့တိုက်ခိုက်ရေးအဆောင်ကို မကောင်းမှုစွမ်းအင်နဲ့ဓားရှည်တစ်လက်အဖြစ် ချန်းယုအသွင်ပြောင်းလိုက်ပြီး၊ ပျံနေတဲ့အသက်ရှိသေသူကို ချိန်ရွယ်လိုက်လေသည်။ သို့သော် ဒီတစ်ကြိမ်၌၊ အရင်နှစ်ကြိမ်လို မြေပြင်ပေါ်မေ့မျောနေတဲ့တုန်ချောင်းဆီ အသက်ရှိသေသူ မပြေးဝင်လိုက်လေဘူး၊ ဒါပေမဲ့ ချန်းယုနဲ့ တိုက်ရိုက်တိုက်ခိုက်ရန်သာ လျှောက်လာလိုက်လေသည်။
ထျန်းဖေဘာတစ်ခုမှ မခံစားနိုင်ပေမဲ့လည်း၊ ဒါပေမဲ့ ချန်းယုရဲ့ပြင်းထန်တဲ့လှုပ်ရှားမှုတွေနဲ့ လေအတက်အကျဖြစ်နေတာတွေက ပြင်းထနးတဲ့တိုက်ပွဲဖြစ်နေတယ်ဆိုတာ သူသတိမူစေနိုင်ရန်လုံလောက်လေသည်။
တစ်ဖက်မှာရှိတဲ့ ကောင်းကင်ဘုံဆရာသုံးဦးအတွက်ကတော့ ကျန်ဟွေဘာတစ်ခုမှမပြောဆိုလေဘူး။ မနေ့တုန်းက ချန်းယုရဲ့စကေးကို သူမြင်ဖူးခဲ့ပြီဖြစ်လေတယ်၊ ဒါပေမဲ့ ချင်းဖေမင်နဲ့လျိုဟွာကျိုးအတွက်ကတော့ ချန်းယုတိုက်ခိုက်တာ ဒါပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်လေသည်။ ဒီလိုအဆောင်မျိုးကို ချန်းယုလိုလူရွယ်လေးက ဘယ်လိုတောင်အသုံးပြုနိုင်နေပြီဆိုတာ သူတို့မြင်တွေ့နေရလေသည်။ ဒီလိုကျွမ်းကျင်မှုနဲ့အရည်အချင်းမျိုးက ကြိုးစားရုံနဲ့မရနိုင်လေဘူး၊ ဒီလိုနည်းပညာမျိုးကို သူတို့ကိုယ်တိုင်တောင် အသုံးမပြုနိုင်ကြလေဘူး။
နှစ်ဦးလုံး သူတို့မျက်လုံးတွေထဲ အံ့ဩသွားတာကိုမြင်တွေ့လိုက်ကြပြီး မြင်ကွင်းကိုဆက်ကြည့်ဖို့ သူတို့မျက်လုံးတွေကို လှည့်လိုက်ကြလေတော့၊ မြို့တော်က ကောင်းကင်ဘုံဆရာတွေကို အထက်အောက်ပြောင်းသွားစေတဲ့ အသက်ရှိသေသူက ချန်းယုအား နေရာတိုင်းနီးပါးရှောင်နေရတာကိုသာ သူတို့မြင်တွေ့လိုက်ရလေသည်။
တကယ်တော့၊ အသက်ရှိသေသူရှောင်နေတာ ချန်းယုမဟုတ်လေဘူး။ ချန်းယုမှာ ထူးခြားတဲ့နည်းပညာတွေရှိပေမဲ့လည်း၊ ဒါပေမဲ့ အဲဒီအသကိရှိသေသူ၏ကျင့်ကြံရေးအဆင့်ကို ချန်းယုရဲ့အဆင့်နဲ့ မဖိနှိပ်နိုင်လေဘူး။ သူဘာကိုကြောက်နေလဲဆိုတော့ ချန်းယုရဲ့လက်ထဲက မကောင်းမှုအရှိန်အဝါဖြစ်လေသည်။ ကြေးနီရောင်မကောင်းမှုအရှိန်အဝါ၊ ဇွန်ဘီးတစ်မျိုးမျိုးက ညှစ်ယူထားတဲ့အရှိန်အဝါ၊ မမျှော်လင့်ဘဲ သူ့ကိုကြောက်လန့်စေလေသည်။ အရင်တကြိမ် အဲဒီဓားနဲ့ သူ့ကိုအထိုးခံရတုန်းက၊ သူပြန်မသက်သာလာခင် ဝိညာဉ်နှစ်ခုလောက် ဝါးမျိုခဲ့ရလေသည်။
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...