Title_ Believe it or not, I already caught you
Author_Grumpy Crab
https://www.novelupdates.com/series/believe-it-or-not-i-already-caught-you/
Description One
မြို့တော်ရဲ့အပေါ်ယံလူ့အသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။
အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းေဝးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်ရပြီး သူမတော်တော်ခံစားခဲ့တာတဲ့။
အမည်မသိလူချမ်းသာ ၂: ငါကြားတာတော့ မြို့တော်ဝန်ချန်းရဲ့သမီးကအရူးတဲ့၊ သူမနေ့တိုင်း သရဲတွေမြင်ရတယ်လို့ပြောဆိုနေတာတဲ့။
အမည်မသိလူချမ်းသာ ၃:ငါကြားတာတော့ မြို့တော်ဝန်ချန်းရဲ့သမီးက ဝန်ကြီးလော့မိသားစုကရဲ့ တတိယမြှောက်သားကို အတင်းအကြပ်နမ်းခဲ့တာတဲ့။(လူတိုင်းကြောက်ရွံ့နေတဲ့မျက်နှာတွေနဲ့ : သူကလော့မင်ကိုသွားရန်စရဲတယ်ပေါ့လေ?!)
ချန်းယု လော့မင်ကို ဆိုဖာပေါ်တွန်းချလိုက်ပြီး သူ့ကိုအချိန်အနည်းငယ်လောက်နမ်းနေလေသည်။
ချန်းယုပြောလာလိုက်တယ် : "မစိုးရိမ်ပါနဲ့ တတိယအစ်ကို၊ ငါ နင့်ကိုတာဝန်ယူပါ့မယ်။ "
လော့မင်မှာ ကြောင်အအဖြစ်သွားလေသည်။
ချန်းယုတိတ်တိတ်လေးတွေးနေလိုက်တယ် "တတိယအစ်ကိုကို ထပ်နမ်းရဖို့ ငါဘယ်လောက်ကြာကြာထပ်စောင့်ရမှာပါလိမ့်..."
Description Two
သတင်းစာ ၁ : မြို့တော်ဝန်ချန်းရဲ့ ပြန်ပေးဆွဲခံခဲ့ရတဲ့သမီးကို နောက်ဆုံးမှာပြန်တွေ့သွားပြီလို့ ကျွန်တော်တို့ကြားသိရပါတယ်၊ သာ ဝေးလံခေါင်းပါးတဲ့တောင်နယ်မြေဒေသဆီ ရောင်းချခံခဲ့ရပြီး သူမတော်တော်ခံစားခဲ့ရတယ်လို့ ကောလဟာလကြားနေရပါတယ်။
သတင်းစာ ၂ : မြို့တော်ဝန်ချန်းရဲ့သမီးက အရူးလို့ ကျွန်တော်တို့ကြားသိရပါတယ်၊ သူမသရဲတွေမြင်နိုင်တယ်လို့ နေ့တိုင်းပြောဆိုနေပါတယ်။
BẠN ĐANG ĐỌC
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Lãng mạnမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...