အပိုင်း (၃):ပိုက်ဆံရှာဖို့နည်းလမ်းအသစ်

3.6K 402 8
                                    

အပိုင်း(၃) : ပိုက်ဆံရှာဖို့နည်းလမ်းအသစ်

လော့မင်လည်း ဒီစစ်တပ်ခြံဝန်းတွေအတွင်းထဲ နေထိုင်သူဖြစ်ပေမဲ့လည်း၊ အချို့ထူးခြားတဲ့အကြောင်းပြချက်တွေ‌ေကြာင့်၊ သူ သူဘေးနားမှသူတွေနဲ့ပြောဆိုဆက်သွယ်ဖို့ မဖြစ်နိုင်လေဘူး၊ ပြီးတော့ လော့မင်ရဲ့ဘေးပတ်ဝန်းကျင်မှလူတွေကလည်း သူ့ကိုတမင်သက်သက်ရှောင်ဖယ်တတ်ကြလေတယ်။ ပြီးတော့ ဒီအကြောင်းပြချက်ကြောင့်ပဲ၊ မြို့တော်ဝန်ချန်းက ဒီညနေ ဟဲကျီလက်‌ေဆာင်လာပို့ပေးတာကို အံ့ဩသွားခဲ့တာဖြစ်လေသည်။

"ကျွန်မ ဒီလောက်နှစ်တွေကြာသွားတာတောင် ကျွန်မတို့အပြင် ကျွန်မတို့သမီးလေးကိုမှတ်မိပေးတဲ့သူရှိနေဦးမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး" အမေချန်း စိတ်ခံစားမှုအပြည့်နဲ့ပြောလာလေသည်။

"ဟုတ်ပါ့၊ တတိယသခင်လေးလော့မှာ ကောင်းမွန်တဲ့စိတ်နှလုံးရှိနေတာပဲ" မြို့တော်ဝန်ချန်း သဘောတူလက်ခံတဲ့အနေနဲ့ ခေါင်းညိတ်လိုက်လေသည်။

"ညီမလေးငယ်ငယ်တုန်းက တတိယသခင်လေးလော့နဲ့တွေ့ခဲ့ဖူးတာလား?" ချန်းယန် သိချင်စိတ်ပြင်းပြစွာနဲ့မေးလာလိုက်တယ်၊ သူကိုယ်တိုင်တောင်ဒီမှာကြီးပြင်းလာခဲ့ပေမဲ့၊ သူ လော့မင်ကို အကြိမ်အနည်းငယ်လောက်သာမြင်တွေ့ဖူးခဲ့တာဖြစ်လေသည်။

"တတိယသခင်လေး‌လော့ ဒီလိုပြောတယ်ဆိုမှတော့၊ ဒါအမှန်ပဲဖြစ်လိမ့်မယ်" အမေချန်း ပြန်စဉ်းစားကြည့်လိုက်လေတယ်၊ "တကယ်တော့ အရင်ဆယ်နှစ်ကျော်လောက်တုန်းက သူကအခုလိုမျိုးမဟုတ်ဘူး၊၊ လော့မိသားစု ဧည့်ခံပွဲကျင်းပတုန်းက၊ တတိယသခင်လေးလော့လည်းတက်ရောက်ဖူးတယ်၊၊ တစ်နေ့၊ ငါမင်းညီမလေးကို ဝန်ကြီးလော့မိသားစုရဲ့ဧည့်ခံပွဲကိုခေါ်သွားခဲ့ဖူးတယ်၊ ဒီတော့သူတို့အဲ့အချိန်‌ေလာက်ကတွေ့ဖူတာဖြစ်လိမ့်မယ်။"

"အခုလိုမျိုး? သူကဘာနဲ့တူခဲ့တာလဲ?" ချန်းယန် ဒါကိုကြားတော့ သိချင်စိတ်ပြင်းပြမိသွားလေသည်။

"ဘာမှမဟုတ်ပါဘူး" အမေချန်း ဒီအကြောင်းတွေကို သိသိသာသာကြီးထပ်မပြောချင်လှတော့လေဘူး၊ သူမပြုံးလိုက်ပြီး ချန်းယုကိုမေးလိုက်လေတယ်၊ "သမီးဗိုက်ပြည့်သွားပြီလား? ထပ်ပြီးနည်းနည်းလောက်စားချင်သေးလား?"

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Onde histórias criam vida. Descubra agora