အပိုင်း(၉၁.၂)
အဘိုးဝူက တောင်ကိုတစ်ပတ်ပတ်ပြီး ဥမင်တစ်ခုရှိရာဆီ ချန်းယုကို ခေါ်လာခဲ့လိုက်လေတယ်။ ဥမင်ရှိတဲ့နေရာက အရမ်းချောင်ကျနေပြီး၊ ဥမင်ကတော့ အရမ်းမနက်နေလေဘူး၊ ဒါကြောင့် ဒီနေရာက ခရီးသွားလာသူတွေကို ဆွဲဆောင်နိုင်တဲ့နေရာတစ်ခုမဟုတ်နေဘူး။
နှစ်ဦးသားကတောင်နံရံမှာရပ်ပြီးနောက်၊ အဘိုးဝူက လက်ဆန့်ထုတ်ပြီး နံရံထဲကကျောက်တုံးတစ်တုံးထူးထုတ်လိုက်လေတယ်။ ချန်းယုက အနီးကပ်ကြည့်ကြည့်လိုက်တော့၊ ကျောက်တုံးနဲ့တောင်နံရံကြားမှာ ကွက်လပ်လေးရှိနေတာကို ရှာတွေ့လိုက်လေတယ်။
“ဒါကဝင်ေပါက်ပဲ၊” အဘိုးဝူကမိတ်ဆက်ပေးလာပြီး၊ “အထဲမှာခလုတ်ရှိတယ်။ ဝင်ပေါက်ကိုဖွင့်ဖို့ စိတ်စွမ်းအင်ထည့်ပေးလိုက်ဖို့ပဲလိုတယ်။”
အဘိုးဝူက ပြောပြီးတာနဲ့၊ လက်ဆန့်လိုက်ပြီး စိတ်စွမ်းအင်ထည့်ပေးလိုက်လေတယ်။ သိပ်မကြာမီ၊ ချန်းယုက စက်သံအဆက်မပြတ်ထွက်လာသံကြားလာရပြီး၊ စက္ကန့်သုံးဆယ်ကြာပြီးနောက်၊ သူတို့ရှေ့ကကျောက်တုံးနံရံပွင့်လာပြီး၊ မြွေလိုမော့ထောင်းနေတဲ့ကြီးမားတဲ့လှေကားထစ်ကြီးတစ်ခု ပေါ်ထွက်လာလေတော့သည်။
ဒီမှာ စက်ပစ္စည်းတစ်ခုခုရှိနေမယ်ဆိုတာကို ချန်းယုသိနေပေမဲ့၊ ဒီလိုမြင်ကွင်းမျိုးကို မျက်မြင်တွေ့ဖူးတာတော့ ပထမဆုံးအကြိမ်ဖြစ်လေတယ်။ သူမမှာ အလွန်အမင်းအံ့ဩသွားရလေတယ်။
“အထဲဝင်ကြစို့၊” အဘိုးဝူက ဖုန်းထဲကဓာတ်မီးကိုဖွင့်ပြီး ရှေ့ကဦးဆောင်ဝင်သွားလိုက်လေတယ်။
ထို့နောက်မှာတော့ ချန်းယုက နောက်မှလိုက်ဝင်သွားပြီး၊ နှစ်ဦးသားတစ်မီတာအကွာလောက်လျှောက်လာပြီးနောက်မှာ၊ သူတို့နောက်က ကျောက်တုံးတံခါးက ဘုန်းခနဲပိတ်သွားလေတယ်။
အသံကအတော်လေးကျယ်လောင်လှလေတယ်၊ ဒီတော့ ချန်းယုမှာ စိတ်ပူလာကာ: “ဒီလိုအသံမျိုးနဲ့ဆို၊ လူတွေရှာတွေ့မသွားနိုင်ဘူးလား?”
“ဒါကမှော်အကာရံထဲမှာ။ အပြင်လူတွေကအသံကိုမကြားနိုင်ဘူး၊” အဘိုးဝူက ရှင်းပြလာလေတယ်။
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...