အပိုင်း(၂၃.၂):နက်နဲသိမ်မွေ့သောတိုက်ခိုက်ရေးအဆောင်
ချန်းယုရဲ့ လမ်းလျှောက်နေတဲ့ကိုယ်က တောင့်တင်းသွားပြီး၊ လော့မင်ရဲ့ဘေးကို ပြန်ခုန်ပေါက်မလာခင် တစ်စက္ကန့်လောက်သာကြာလိုက်လေတယ်၊ သူမရဲ့လက်နှစ်ဖက်လုံးက လော့မင်ရဲ့လက်မောင်းကိုဆုပ်ကိုင်ထားကာ၊ ဝမ်းနည်းနေတဲ့မျက်နှာနဲ့ပြောဆိုနေတုန်း လော့မင်ထွက်သွားမှာကို တားဆီးထားလေတယ်၊ “တတိယအစ်ကို၊ ညီမမှားသွားပါတယ်၊ ပယောဂနှင်တဲ့အဆောင်သစ် ရှာဖွေတာလုပ်ဖို့ ညီမ အစ်ကို့မကောင်းမှုဝိညာဉ်ကို တိတ်တိတ်လေးမသုံးခဲ့သင့်ဘူး၊ ညီမ ပယောဂနှင်လို့ရမဲ့ပိုက်ဆံတွေကို အပိုင်သိမ်းချင်တာကြောင့် အစ်ကို့ကို တိတ်တိတ်လေးမပြောဘဲမထားခဲ့သင့်ဘူး။”
လော့မင်မျက်မှောင်ကြှုပ်ကာ၊ မိန်းကလေးရဲ့ပတ်တီးစီးထားတဲ့ခြေထောက်ကို ကြည့်လိုက်ကာ၊ သူ့မျက်လုံးတွေထဲ စိုးရိမ်စိတ်ကလေးဖြတ်ပေါ်လာလေသည်။
“အစ်ကို… အစ်ကိုဒေါသမထွက်လို့ရမလား? အဆိုးဆုံးအနေနဲ့၊ ငါ ပယောဂနှင်လို့ရမဲ့ပိုက်ဆံရဲ့ ၃၀ရာခိုင်မှုန်းကို အစ်ကို့ကိုမျှပေးမယ်ဆိုရင်ကော ဘယ်လိုလဲ?” လော့မင်မျက်မှောင်ကြှုပ်နေတာကိုမြင်လိုက်တော့၊ ချန်းယုအံကြိတ်လိုက်ပြီး စိတ်ထိခိုက်စွာနဲ့သနားကမားပြောလိုက်လေတယ်၊ “ဒီည မကောင်းမှာဝိညာဉ်ကို မောင်းထုတ်တုန်းက အဲဒီအဆောင်နှစ်ခုက အဓိကနေရာက ပါဝင်ပေးခဲ့တာ၊ ညီမ ယွမ်၉သိန်းလွှဲပေးလိုက်မယ်၊ ညီမအဲ့တာကို အခုချက်ချင်းလုပ်လိုက်မယ်။”
ချန်းယုပြောလိုက်ရင်း၊ သူမဖုန်းကိုထုတ်လိုက်ပြီး၊ လော့မင်ကိုပိုက်ဆံလွှဲပေးရန် စီစဉ်လိုက်လေတယ်၊ “အစ်ကို၊ နင့်ဘဏ်အကောင့်နံပါတ်ကဘာလဲ?”
ချန်းယုကိုကြည့်ပြီး လော့မင်ပြောစရာစကားမဲ့နေလေသည်။ မိန်းကလေးကိုမဖို့ သူ့လက်တွေဆန့်ထုတ်လိုက်ပြီး သူမကိုဆိုဖာပေါ်ထားလိုက်လေသည်။ “မင်းခြေထောက်ကဒဏ်ရာရထားတာ၊ အချိန်အကြာကြီးမရပ်နဲ့ ပြီးတော့ လမ်းအရမ်းမလျှောက်နေနဲ့ဦး။”
“အာ…” ချန်းယုက အနည်းငယ်မရေမရာဖြစ်နေလေသည်။
“ငါ့မကောင်းမှုဝိညာဉ်ကိုလေ့လာပြီး ပယောဂနှင်အဆောင်သစ်တစ်ခုလုပ်မယ်လို့ မင်းအစောတုန်းကပြောလိုက်တာလား?” လော့မင်ပြန်ထိုင်လိုက်ပြီး မေးလိုက်လေတယ်၊ “အတိအကျ၊ အဲ့တာအကုန်ပဲလား?”
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...