အပိုင်း(၅၄.၁):ဘာလို့ကျွန်မစီးပွားရေးကိုလာလုရတာလဲ

2K 248 5
                                    

အပိုင်း(၅၄.၁):ငါ့စီးပွားရေးကို ဘာလို့လာလုနေတာလဲ

ပန်းခြံဝင်ပေါက်နား၌ ချန်းယုကားပေါ်ကဆင်းပြီး ချင်ယီနဲ့ရှောက်ဟွေကိုနှုတ်ဆက်လိုက်ပြီးနောက် တောအုပ်ကလေးရှိရာဆီ လျှောက်လာလိုက်လေသည်။ အဝေးကနေ တောအုပ်နားတစ်ဝိုက်က သိပ်သည်းတဲ့ယင်အရှိန်အဝါကို သူမအာရုံခံမိလိုက်ပြီး နောက်ကျရင် ရှန်နန်ကိုသတိပေးထားမှပဲလို့ သူမတွေးမိလိုက်လေသည်။ မဟုတ်ရင်၊ ရုပ်လွန်ပညာဌာနက တကယ်ပဲတယောက်ယောက်လွှတ်ပေးလာနိုင်လေသည်။

“ကောင်းကင်ဘုံဆရာချန်း၊၊” ချန်းယုရှေ့ ရှောင်းကန်နှင့်အတူ ရှန်နန်အရင်ပေါ်လာကာ၊ နောက်ကတော့ နှာဗူးသရဲဖြစ်လေသည်။

ချန်းယုခေါင်းညိတ်ပြလိုက်တယ်။ သူမအကြည့်က ရှောင်းကန်ပေါ်ရောက်သွာတော့၊ ကလေးရဲ့သန့်စင်တဲ့ဝိညာဉ်ပေါ် ရွှေရောင်အလင်းဖျော့ဖျော့လေးကပ်တွယ်နေတာကို သူမမြင်လိုက်ရလေသည်။ ဒီရွှေရောင်အလင်းက ကုသိုလ်အလင်းဖြစ်လေသည်။

“နောက်ဆုံးနှုတ်ဆက်တာဖြစ်ဖြစ် အခြားဟာဖြစ်ဖြစ်ပြောချင်သေးလား? မရှိတော့ဘူးဆိုရင်၊ ငါသရဲဂိတ်ဖွင့်လိုက်တော့မယ်။” ချန်းယုပြောလိုက်လေသည်။

သူ့ပေါင်လောက်သာရှိသော ကလေးကိုရှန်နန်ငုံ့ကြည့်လိုက်ကာ၊ ရှောင်းကန်ရဲ့ခေါင်းကို ပွတ်သပ်ပေးရင်းပြောလိုက်လေတယ်၊ “ဖွင့်လိုက်တော့။”

“နေဦး၊ ငါ့မှာနောက်ဆုံးပြောစရာစကားရှိတယ်။” နှာဗူးသရဲမ ရုတ်တရက်ပြောလာလေသည်။

“မင်းသေပြီးနေပြီပဲ။ ဘာနောက်ဆုံးစကားပြောစရာရှိနေလို့လဲ?” နှာဗူးသရဲ တစ်ခုခုပြောလာတော့မှာကို တွေးမိတာနဲ့၊ ရှန်နန်နားထင်နားကသွေးကြောတွေဖောင်းလာလေတော့သည်။

“နင့်အတွက်မဟုတ်ဘူး၊ ဒါက ကောင်းကင်ဘုံဆရာချန်းအတွက်။” ဒီနှစ်ရက်အတွင်း၊ ရှန်နန်အား ပြောသင့်တာကော မပြောသင့်တာတွေပါပြောကာ နှာဗူးသရဲမညှဉ်းပန်းနှိပ်စက်ခဲ့တာဖြစ်လေသည်။ ဒီတော့ ဒီတကြိမ်၌၊ ရှန်နန်ကိုပြောဖို့ သူမမှာဘာစကားမှမရှိလေတော့ဘူး။

“ငါ့ကို?” ချန်းယု အံ့ဩသွားလေတော့သည်။ သူမနဲ့ နှာဗူးသရဲမက ဒီအခြေအနေလောက်အထိ မရင်းနှီးကျဘူးလို့ သူမထင်မိလေတယ်၊ ဟုတ်တယ်မလား?

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora