အပိုင်း(၅၄.၃):ငါ့စီးပွားရေးကို ဘာလို့လာလုနေရတာလဲ
“ပြင်ဆင်မယ်!” တာအိုဆရာတော်ချူအမိန့်ပေးလိုက်လေသည်။
ကျန်တဲ့တာအိုဆရာတော်သုံးပါး မှော်လှည့်ကွက်တွေကို ချက်ချင်းကိုင်လိုက်ပြီး၊ မကောင်းမှုဝိညာဉ်ရောက်လာမှာကို စောင့်နေလေတော့သည်။
လေပွေကောင်းကင်ထဲထိုးဝင်သွားကာ၊ မျက်စိတစ်မှိတ်အတွင်း၊ အဲ့တာက တောအုပ်ကလေးအထက်၌ ရပ်တန့်သွားလေတော့သည်။ မူမမှန်တာကို ရှန်နန်အာရုံခံလိုက်မိပြီး ကောင်းကင်ကိုကြည့်လိုက်လေတယ်၊ သူ့ဘေးနာကရှောင်းကန်ကို၊ မသိစိတ်လှုံ့ဆော်ချက်အရ တွန်းထုတ်လိုက်လေသည်။ သို့သော်၊ လေပွေက သူထင်ထားတာထက် မြန်မြန်လှုပ်ရှားနေလေသည်။
တစ်ခုခုမှားနေတာကို ချန်းယုနဲ့နှာဗူးသရဲမ သတိထားမိလို့ ပြန်လှည့်ကြည့်လိုက်တော့၊ သူတိူ့ရပ်နေတဲ့နေရာတစ်ဝိုက် လေပွေကြောင့် ကျိုးတိုးကျဲတဲဖြစ်သွားတဲ့ သစ်ကိုင်းခြောက်တွေသာ အဲ့မှာရှိနေလေတော့သည်။
“ရှန်နန်နဲ့ရှောင်းကန်ဘယ်ရောက်သွားလဲ?” သရဲမိန်းကလေး တအံ့တဩအော်ဟစ်လိုက်လေသည်။
“ဝိညာဥ်ဆင့်ခေါ်တဲ့အစီအရင်??” ချန်းယုရဲ့အမူအရာ ပြောင်းလဲသွားလေသည်။
ရှန်နန်သေတာ နှစ်ခြောက်ရာကျော်သွားခဲ့လေပြီ၊ သူ့ဝိညာဉ်ကိုဆင့်ခေါ်ဖို့ သူ့မွေးရက်ကိုသုံးမယ့်ဘယ်သူမှရှိမှာမဟုတ်ဘူးဆိုတာ တွက်ချက်ကြည့်လို့ရလေသည်။ ထို့ကြောင့်၊ ဒီဝိညာဉ်ဆင့်ခေါ်တဲ့အစီအရင်က ရှောင်းကန်ကိုရည်ရွယ်တာဖြစ်ရပေမည်။ ဒါပေမဲ့၊ ဒီလိုဗိုလ်ကျလွန်းတဲ့အစီအရင်ကို ဘာမကျေမနပ်မှုမှမရှိတဲ့ သရဲအပေါ် ဘယ်လိုလုပ်သုံးလာရတာလဲ?
“ကောင်းကင်ဘုံဆရာချန်း၊ ဘာတွေဖြစ်နေတာလဲ?” အစောနတုန်းက လေပွေကအရမ်းအားကောင်းပြီး သူမကိုထိတ်လန့်သွားစေလေသည်။
“တစ်ယောက်ယောက်က ငါ့စီးပွားရေးကို လာလုချင်နေတာပဲ။” ချန်းယုချက်ချင်းရပ်လိုက်ပြီး ဒေါသကြီးကြီးပြေးလာလိုက်လေတော့သည်။
ကြီးတော်ပဲ! ရှောင်းကန်မိဘတွေဆီက ငါယွမ်းငါးသိန်းတောင်းထားပြီးပြီ၊၊ ဒီသရဲကိုသာမပို့ပေးနိုင်ဘူးဆိုရင်၊ ငါ့ကြော်ငြာသင်ပုန်းကိုရိုက်ခွဲပစ်လိုက်သလိုဖြစ်မသွားနိုင်ဘူးလား?
VOCÊ ESTÁ LENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...