အချိန်(၂၅.၂):နိုင်ငံတော်စိတ်စွမ်းအင် website
ဥပဒေကိုမလိုက်နာတဲ့ ချန်းယုအံ့ဩသွားလေတယ်၊ လော့မင်ရဲ့WeChatကို လျင်လျင်မြန်မြန်ဖွင့်လိုက်ပြီး ငိုနေတဲ့ emojiပို့လိုက်လေသည်။
လော့မင်ချက်ချင်းစာပြန်လာလေတယ်: (ဘာဖြစ်လို့လဲ?)
ချန်းယု: (တတိယအစ်ကို၊ အခွန်ဆောင်ဖို့ ဘယ်လိုပြန်လုပ်လို့ရလဲဆိုတာ အစ်ကိုသိလား?)
လော့မင်: (အခွန်ဆောင်ဖို့ ပြန်လုပ်တာ? ဘယ်သူအခွန်ရှောင်လို့လဲ?)
ချန်းယု: ညီမ (လူငယ်လေး မြေပြင်ပေါ်ငိုနေတဲ့ emoji)
လော့မင်: …
လော့မင်: (ဘာဖြစ်လို့လဲ?)
ချန်းယုညည်းညူလိုက်ပြီး ဝမ်းနည်းနေတဲ့မျက်နှာနဲ့ စာရိုက်လိုက်လေတယ်: (ကောင်းကင်ဘုံဆရာအနေနဲ့ ပိုက်ဆံရှာရင် အခွန်ဆောင်ရတယ်ဆိုတာ ညီမအခုမှသိတယ်၊ ဒါပေမဲ့ တစ်ပြားမှမပေးဘဲ ညီမမီလီယံချီရှာခဲ့တယ်၊ ညီမပိုက်ဆံအများကြီးပြန်ပေးဖို့လိုလား? ညီမအင်တာနက်မှာရှာကြည့်တာ၊ ပမာဏတော်တော်များတယ်ဆိုရင် ညီမထောင်ထဲသွားရမယ်လို့ သူတို့ပြောတယ်။)
လော့မင်က ဒုတိယထပ်က စာကြည့်ခန်းထဲထိုင်နေလေတယ်၊ သူ သူ့ဖုန်းကို ကူရာမဲ့ဖြစ်နေတဲ့အမူအရာနဲ့ ကြည့်နေလေသည်။ သူသူမစာကို စိုက်ကြည့်လိုက်ပြီး၊ ရုတ်တရက် ကျယ်ကျယ်ရယ်လိုက်လေသည်။
မိန်းကလေးရဲ့ပစ်လှဲနေတဲ့ကိုယ်နဲ့ဝမ်းနည်းနေတဲ့မျက်နှာဖြင့် လော့မင်ရဲ့မျက်စိရှေ့ထိုင်နေတဲ့အတိုင်း သူမြင်ယောင်လာမိလေသည်။ လော့မင် သူ့မျက်နှာပေါ်မှာအပြုံးနဲ့အတူ စာအနည်းငယ်ရိုက်လိုက်လေတယ်: (ကိုယ်ရှိပါတယ်၊ မင်းထောင်ထဲမဝင်ရပါဘူး။)
ဒီစာကိုပို့လိုက်ပြီးနောက်၊ ချန်းယုနဲ့ပြောနေတဲ့စကားဝိုင်းကနေ လော့မင်ထွက်လိုက်ပြီး ဆရာမော်ရဲ့WeChatကိုဝင်လိုက်လေသည်။ သူခဏလောက် တွန့်ဆုတ်သွားပြီး တိုက်ရိုက်မေးလိုက်ရန် ဆုံးဖြတ်လိုက်လေတယ်: (ဆရာမော်? မင်းစိတ်စွမ်းအင်အလုပ်ကလည်း အခွန်ဆောင်ဖို့လိုသေးတာလား?)
ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...