အပိုင်း(၄၆.၄):အိပ်စက်ခြင်း
သုတေသနခန်းထဲက ဖြစ်ရပ်ကို ချန်ပင်း ချက်ချင်းပြန်တွေးမိလိုက်လေတယ်၊ သူတို့တတိယသခင်လေးကို ချန်းယုတစ်ကြိမ်နမ်းပြီး သူ့ပရမ်းပတာဖြစ်နေတဲ့ မကောင်းမှုဝိညာဉ်ကို တားဆီးခဲ့လေသည်။
အခြားလက်ထောက်တွေအားလုံးလည်း အဲ့တာကို ထင်ထင်ရှားရှားပြန်တွေးမိလိုက်လေသည်။ မျှော်လင့်ချက်အပြည့်နဲ့၊ အိပ်ရာပေါ်နမ်းနေတဲ့နှစ်ဦးကို သူတို့ကြည့်လိုက်ကြလေသည်။ သို့သော်၊ အခု သူတို့ကြည့်နေတာက၊ ရုတ်တရက် ဘာလို့မှားနေသလို ခံစားမိနေရတာလဲ? ပြောပါဦး၊ ကောင်လေးနဲ့ကောင်မလေးက အိပ်ရာပေါ်နမ်းနေတာလေ။ သူတို့တွေ၊ လူသန်ကြီးခုနစ်ဦးက၊ ဘာအတွက်ကြည့်နေကြရတာလဲ?
ဘယ်သူအရင်လှည့်လိုက်လဲမသိပါဘူး၊ ဒါပေမဲ့ ကျန်တဲ့ခြောက်ယောက်လုံး နောက်ကလိုက်ပြီး၊ တစ်ယောက်ပြီးတစ်ယောက် လှည့်လိုက်ကြလေသည်။
“အဟွတ်…ငါတို့ဒီလိုလုပ်တာက မသင့်တော်ဘူးမဟုတ်လား?” တစ်ယောက်ယောက် တီးတိုးပြောလိုက်လေသည်။
“အားလုံးထွက်လိုက်ကြရအောင်။” ဖြစ်ရပ်ကို တွက်ချက်ချိန်ဆပြီးနောက်မှာတော့၊ ဟဲကျီရုတ်တရက်ပြောလိုက်လေသည်၊၊
“မရဘူး…” ချန်ပင်း ငြင်းလာချိန်၊ ထျန်းဖေအပါအဝင် သူ့ဘေးက ကျန်တဲ့လက်ထောက်ကပါ သူ့ကိုဆွဲထုတ်လာလေတော့သည်။
ကျန်တဲ့လက်ထောက်တွေအားလုံး လိုက်သွားကြပြီး၊ ဟဲကျီနောက်ဆုံးမှထွက်လာလိုက်သည်။ သူတံခါးကိုပိတ်ပြီး စောင့်ကြပ်နေလေတော့သည်။
တစ်ဖက်မှာတော့၊ အခန်းထဲ၌၊ ချန်းယု၊ လော့မင်ကို နမ်းနေတဲ့သူမ၊ ဟမ်၊ မဟုတ်သေးဘူး၊ စွမ်းအင်ပို့ပေးနေတဲ့သူမ၊ လော့မင်ကိုယ်ထဲက လုံးလုံးမငြိမ်သက်သွားသေးတဲ့ ဖျော့တော့နေတဲ့မကောင်းမှုဝိညာဉ်ကို သူမအာရုံခံမိသွားလေသည်။
သူမကိုယ်ထဲကစိတ်စွမ်းအင်က မကောင်းမှုဝိညာဉ်ကို ဘာလို့အာရုံခံနိုင်ရလဲဆိုတာ သူမမသိလေဘူး၊ သူမစိတ်ထဲကနေ သူမအဲ့တာကို အာရုံခံနိုင်လေတယ်။ သူမငယ်ငယ်တုန်းက လူအိုကြီးကို သူမမေးဖူးလေပြီး၊ သူမမှာထူးခြားတဲ့ကိုယ်တည်ဆောက်ပုံရှိပြီး အံ့မခန်းအထုံပါတယ်လို့ လူအိုကြီးအမြဲပြောလေတယ်။
BẠN ĐANG ĐỌC
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Lãng mạnမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...