အပိုင်း(၁၁):ပို၍ဖွေးလာခြင်း

2.9K 328 1
                                    

အပိုင်း(၁၁) ပို၍ဖြုဖွေးလာခြင်း

မြို့တော်တက္ကသိုလ်ရဲ့စစ်ရေးလေ့ကျင့်ရေးကို  မြို့တော်၏အနောက်ခြမ်းဆင်ဖြေဖုံးဒေသ၌ စစ်စခန်းကိုအသေးစိတ်ပြင်ဆင်ထားသည်။ အဲ့တာက အမျိုးသားနေ့မှာ အဆုံးသတ်မှာဖြစ်လေသည်။ ဒီကာလအတောအတွင်း၊ မင်းက ဘယ်မြို့၊ ဘယ်နိုင်ငံကပဲဖြစ်နေပါစေ၊ ထိပ်ဆုံးကျောင်းသားဖြစ်ဖြစ် လူဖျင်းလူညံ့ဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ်အရေးမကြီးဘူး၊ မင်းပါဝင်လုပ်ဆောင်ပြီး ထို့နောက်မှသာ ကျောင်းကိုပြန်သွားနိုင်လေသည်။  

  ဒါပေမဲ့ သိသိသာသာပဲ ချန်းယုကတော့ ခြွင်းချက်ဖြစ်လေသည်။ အဆုံးမှာတော့၊ သရဲဖမ်းဖို့လိုအပ်တဲ့ ကိုယ်ခံခွန်အားက သာမန်လူတွေမှာရှိတဲ့အရာမျိုးမဟုတ်လေဘူး။ အမျိုးသမီးတွေရဲ့သဘာဝရန်သူအနေဖြင့်၊ မြို့တော်ရဲ့နေက ချင်းမူစီရင်စုတုန်းကထက် ပို၍ကြင်နာတာကို ချန်းယုလုံးဝဂရုမစိုက်လေဘူး။  

  ဒါပေမဲ့ ခပ်တန်းတန်းမဖြစ်သွားလေရအောင်၊ ချန်းယူ သူမအခန်းဖော်တွေရဲ့ ဖြုဖွေးစေတဲ့ skin careလုပ်ရိုးလုပ်စဉ်ကိုလိုက်ပါလိုက်ပြီး ညတိုင်း face maskတစ်ခုအသုံးပြုလေသည်။ နေ့အချိန်မှာတော့၊ သူမ sunscreenလိမ်းဖို့မေ့သွားခဲ့ရင်တောင်မှ၊ သူမရဲ့အခြားအခန်းဖော်တော်တော်များများက သူမအတွက်အဲ့တာကိုလိမ်းပေးကြလေသည်။ ဒီတော့ တစ်လခွဲလောက်အကြာမှာတော့၊ အခန်းဖော်သုံးဦးရဲ့ လုံ့လဝီရိယရှိရှိ ကြီးကြပ်ပေးမှုအောက်မှာ၊ ငါတို့ရဲ့နက်မှောင်တဲ့အတန်းဖော်ရှီချီက ဖြုဖွေးလာလေတော့သည်!  

  “အို၊ ဘုရားရေ၊ ငါတို့နေ့တိုင်းနေထဲမှာ အချိန်တော်တော်များများကုန်ခဲ့ရတာ၊၊ နင်ကတော့ ဖြုဖွေးလာနေတုန်းပဲ ရှီချီ!” ဖန်ဖေဖေ ချန်းယုကို မယုံသင်္ကာစွာကြည့်လာလိုက်သည်။  

  ”ငါအရင်တုန်းကသတိမထားမိခဲ့ဘူး။” ဟန်ယော သူမလက်ကိုဆန့်ထုတ်လိုက်ပြီး ချန်းယုရဲ့ချောမွေ့ပြီးနူးညံ့တဲ့မျက်နှာကိုထိလိုက်လေသည်။  “ရှီချီကမည်နေပေမဲ့၊ သူမအသားအရေက ချောမွေ့ပြီးနူးညံ့တယ်။” 

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora