အပိုင်း(၃၀.၂):တာဝန်ယူရန်မေ့တော့မလို့
ချန်းယု သူ့မျက်လုံးထဲ အလင်းတွေနဲ့ အသက်ရှိသေသူကို ကြည့်လာလိုက်သည်။ ဒီလိုအကြည့်မျိုးကို အသက်ရှိသေသူမြင်ဖူးလေတယ်၊ ဒီအကြည့်က လူသားတွေ ပိုက်ဆံနဲ့ဆွဲဆောင်တာခံရပြီးနောက် ဖြစ်လာတဲ့အကြည့်မျိုးဖြစ်လေသည်။ သူကပ်ဘေးကို ရှောင်နိုင်လိုက်ပြီလို့ အသက်ရှိသေသူတွေးနေချိန် စိတ်ဝိညာဉ်ဂိတ်ထဲ အသက်ရှိသေသူကို ချန်းယုပြင်းပြင်းထန်ထန် တွန်းချလိုက်လေသည်။
အသက်ရှိသေသူ ဝင်သွားချိန်၊ စိတ်ဝိညာဉ်ဂိတ်တံခါး အသံမြည်ကာ ပိတ်သွားလေတယ်၊ တစ်ချိန်ထဲမှာပဲ၊ လေထဲလှည့်နေတဲ့ သံလိုက်အိမ်မြှောင် ရပ်သွားပြီး ချန်းယုရဲ့လက်တွေဆီ ပြန်ကျလာလေတော့တယ်၊ သူမခါးသီးတဲ့မျက်နှာနဲ့ ပြောလိုက်လေတယ်၊ “ငါမတော်လောဘကြီးပေမဲ့လည်း၊ ဒါပေမဲ့ ပိုက်ဆံက မှန်ကန်တဲ့နည်းလမ်းနဲ့ ရတာဖြစ်နေမှဖြစ်မယ်။”
သံလိုက်အိမ်မြှေုာင်ပြန်ရပြီးနောက် ချန်းယုမလှုပ်လိုက်တာကို ထျန်းဖေမြင်လိုက်လေတယ်၊ ပတ်ပတ်လည်လေထုကလည်း အနည်းငယ်ပူနွေးလာလေပြီ ဒီတော့ ဒီကိစ္စဖြေရှင်းပြီးသွားပြီဆိုတာ သူခန့်မှန်းမိလိုက်လေသည်။ သူချန်းယုထံ ချက်ချင်းလျှောက်သွားလိုက်ပြီး မေးလိုက်လေတယ်၊ “မိန်းကလေးချန်းယု၊ ကိစ္စကို ချောချောမွေမွေ ဖြေရှင်းလို့ပြီးသွားပြီလား?”
“လက်ထောက်ထျန်း…” ချန်းယုခေါင်းမော့လိုက်ကာ၊ သူမမျက်ရည်တွေ ကျလာလေတော့သည်။
“မိန်းကလေး… မိန်းကလေးချန်းယု၊ မင်း… ဘာဖြစ်လို့လဲ? မင်းထိခိုက်သွားလို့လား?” ချန်းယုရဲ့အမူအရာကိုမြင်လိုက်တော့ ထျန်းဖေထိတ်လန့်သွားလေတော့သည်။
“ငါ-ငါအခုလေးတင် ဆယ်မီလီယံဆုံးသွားတာ အာ!!” အသက်ရှိသေသူကို နှင်တာကနေ သူမနှစ်ဆယ်မီလီယံလက်ခံရရှိလေတယ်၊ ဒါပေမဲ့ အသက်ရှိသေသူက အခုလေးတင် သူမအား သုံးဆယ်မီလီယံပေးနိုင်တယ်လို့ ပြောလာတာဖြစ်လေတယ်၊ ဆယ်မီလီယံကွာဟနေလေတယ်၊ သူမခြေထောက်တစ်ဖက် စိတ်ဝိညာဉ်ဂိတ်တံခါးထဲ သူမဘာသာသူမဝင်သွားတယ်လို့ ချန်းယုခံစားလိုက်ရလေသည်။
YOU ARE READING
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...