အပိုင်း(၅၅.၂):ကျွန်မဖောက်သည်တွေကိုထိခိုက်အောင်မလုပ်နဲ့

1.9K 248 5
                                    

အပိုင်း(၅၅.၂):ကျွန်မဖောက်သည်တွေကို ထိခိုက်အောင်မလုပ်နဲ့

နှာဗူးသရဲမ ဘာလုပ်ချင်နေလဲဆိုတာ တာအိုဆရာတော်ဟဲမသိလေဘူး။ ဒါပေမဲ့၊ သူကျယ်ကျယ်အော်ဟစ်လိုက်လေတယ်၊ “နတ်ဆိုး၊ ဝေးဝေးသွားစမ်း။” ရှန်နန်ကိုထိန်းချုပ်ဖို့ သူ့စိတ်စွမ်းအင်အများအပြား အသုံးမပြုခဲ့ရဘူးဆိုရင်၊ ဒီလိုသရဲမျိုးကို တစ်ချက်ဝှေ့ယမ်းရုံနဲ့ ဖြေရှင်းနိုင်လေသည်။

နှာဗူးသရဲမ ရုတ်တရက်အပြုံးတစ်ခုပြုံးလာလေသည်။ သူမသွေးနီရောင်လျှာက သူမနှုတ်ခမ်းကိုလျှက်လိုက်ကာ၊ သူမမျက်နှာအမူအရာ တဏှာကြီးပုံပြောင်းလဲသွားပြီး မရေမရာဖြစ်စေတဲ့စကားမျိုး ပြန်ဖြေလာလေတော့တယ်၊ “တာအိုဆရာ၊ အနီးလာခဲ့၊ ငါသေချာကြည့်ကြည့်ချင်လို့ပါ။ ရှင်က တော်တော်ချောတယ်ဆိုတာ ငါရှာတွေ့လိုက်တာ။”

“ဘ-ဘာလိုချင်တာလဲ?” နိမိတ်မကောင်းတဲ့ခံစားချက်မျိုး တာအိုဆရာတော်ဟဲစိတ်ထဲ ရုတ်တရက်ထွက်ပေါ်လာလေတော့သည်။

“ငါတဏှာရူးသရဲဖြစ်လာတာအတော်ကြာပြီ၊ ဒါပေမဲ့ တာအိုဆရာတွေကိုတော့ ငါတစ်ခါမှ အဓမ္မမပြုဖူးသေးဘူး၊၊ ဟီဟီဟီဟီ...” ပြောပြီးတာနဲ့၊ နှာဗူးသရဲမ နှုတ်ခမ်းဆူကာ တာအိုဆရာတော်ဟဲရဲ့ပါးကို နမ်းလိုက်လေသည်။

တာအိုဆရာတော်ဟဲနေလာတာ နှစ်ငါးဆယ်ကျော်နေလေပြီ၊ ဒါပေမဲ့ ဒီလိုတိုက်ပွဲမျိုးကို သူတစ်ခါမှမကြုံတွေ့ဖူးလေဘူး။ သူအရွယ်ရင့်နေတဲ့မျက်နှာ ချက်ချင်းနီရဲလာကာ၊ ထိတ်လန့်တုန်လှုပ်သွားလေတော့တယ်၊ သူ့လက်ကိုမြှောက်ပြီး နှာဗူးသရဲမကို ရိုက်ထုတ်ပ်စရန်ပြင်လိုက်လေသည်။ ဒါပေမဲ့ သူလက်လွှတ်လိုက်ချိန်၊ ရှန်နန်ကို ထိန်းချုပ်နေတဲ့ဝိညာဉ်သံကြိုး ဖြည်းဖြည်းချင်းလျော့ရဲလာလေသည်။ ရှန်နန်ကို ထပ်မံမထိန်းချုပ်နိုင်လေတော့ဘူး။ သူ့နားတဝိုက်ကယင်အရှိန်အဝါ အတိုးချလျက်ပျံ့နှံ့လာကာ ဘုန်းဆိုတဲ့အသံနှင့်အတူ၊ စိတ်စွမ်းအင်ပိုက်ကွန်းကနေ သူလွတ်မြောက်သွားလေတော့သည်။

“မမဝေဝေ။” ရှောင်းကန်အသံပေးကာသတိပေးလိုက်လေသည်။

သူ့ဆီပျံလာနေတဲ့ နှာဗူးသရဲမကို ရှန်နန်ကြည့်နေလိုက်တယ်၊ ပြီးနောက် ယင်စွမ်းအင်ကိုသုံးပြီး သူမကိုမလိုက်လေသည်။ ထို့နောက် သူမကိုကူဖို့ နေရာကိုရောက်လာလိုက်ကာ၊ စိုးရိမ်တကြီးမေးလိုက်လေတယ်၊ “အဆင်ပြေရဲ့လား?”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Where stories live. Discover now