အပိုင်း(၁၇.၃)နှာဗူးတစ်ယောက်ဖမ်းမိခြင်း
စစ်တပ်ခြံဝင်းကနေ ဈေးဝယ်စင်တာထဲကဟော့ပေါ့ဆိုင်ကိုသွားရန် မိနစ်၂၀လောက်ကြာလေသည်။ လော့မင်ရဲ့လုံခြုံရေးအတွက်တာဝန်ကျတဲ့ ကိုယ်ရံတော်နှစ်ဦးနဲ့ ထျန်းဖေအပါအဝင် လော့မင်နဲ့ချန်းယုတို့ စားပွဲတစ်ခုယူလိုက်လေသည်။
အိုး၏အောက်ခြေက အဆက်မပြတ်လိမ့်နေကာ၊ ရေနွေးငွေ့တွေတက်လာလေသည်။ အဲ့တာကချန်းယုရဲ့မျက်နှာကို နီရဲလာစေလေတယ်၊ ဒါပေမဲ့ သူမ သူမတူကိုဆက်ပြီးအသုံးပြုနေတုန်းဖြစ်နေသည်။
လော့မင်သိပ်အများကြီးမစားလိုက်လေဘူး။ ချန်းယုရဲ့ပန်းကန်ထဲ ဘာမှမရှိတော့တာသူမြင်လိုက်တော့၊ သူ ဇီးသီးချဉ်စွပ်ပြုတ်ကောက်ယူလိုက်ကာ သူမပန်းကန်ထဲဖြည့်ပေးလိုက်လေသည်။
”ကျေးဇူးတင်ပါတယ်၊ တတိယအစ်ကို။” ချန်းယုရဲ့ပါးတွေထဲ အစားအသောက်တွေပြည့်လျှံနေလေတယ်၊ သူမသူ့ကိုကျေးဇူးတင်ဖို့ အချိန်ယူလိုက်ရလေသည်။
ချန်းယုရဲ့ပါးစပ်နား အနီရောင်ဆီနဲ့ရောနေတဲ့ နှမ်းကပ်နေတာက သူမကိုဖိုးရိုးဖားရားထင်သွားရစေတာကို လော့မင်မြင်လိုက်လေသည်။ သူသူ့ဘေးနားကလူတွေကိုကြည့်လိုက်ပြီး မနေနိုင်ဘဲလက်ကိုင်ပုဝါအချို့ထုတ်လိုက်ကာ ချန်းယုထံကမ်းပေးလိုက်လေသည်။ “ဖြည်းဖြည်းစား၊ ဘယ်သူမှမင်းဆီကမလုပါဘူး။ မင်းပါးစပ်ကိုအရင်သုတ်လိုက်ဦး။”
“ပါးစပ်ကဘာကိုသုတ်ရမှာလဲ၊ ခဏလောက်နေတော့ စားရင်ထပ်ပြန်ပေသွားဦးမှာပဲကို။” ချန်းယု စိတ်မဝင်စားစွာပြောလိုက်လေသည်။
”…” လော့မင်မျက်မှောင်ကြှုပ်သွားပြီး ပြောလိုက်လေတယ်၊ “မင်းကမိန်းကလေးလေ။ မင်းစားနေရင်း မခံ့မညားဖြစ်လို့မရဘူး” အရင်တစ်ခေါက်Villaတုန်းကလို အတူတူပဲဖြစ်လေတယ် ဒါပေမဲ့ အဲဒီအချိန်တုန်းက၊ လော့မင်နားဘယ်သူမှမရှိနေလေဘူး ဒီတော့ သူစိတ်ထဲမထားလေဘူး။
“အစားအသောက်ကိုသာ ခံ့ခံ့ညားညားစားနေမယ်ဆိုရင်၊ ဒါဆို အဲ့တာကအရသာမရှိလောက်ဘူး။ အဲ့တာသာအရသာရှိမယ်ဆိုရင်၊ ဘယ်သူက သူတို့ကျင့်ဝတ်ထုံးတမ်းတွေကိုအာရုံစိုက်ဖို့အချိန်ရှိနေဦးမှာလဲ။” ချန်းယု လျစ်လျူရှုကာပြန်ဖြေလိုက်လေသည်။
VOUS LISEZ
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Roman d'amourမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...