အပိုင်း(၅၀.၁):ကသိကအောက်ဖြစ်စေသောရွေးချယ်မှု

2.1K 293 3
                                    

အပိုင်း(၅၀.၁):ကအိကအောက်ဖြစ်စရာကောင်းသောရွေးချယ်မှု

“ရှီရှီ၊ မင်းတကယ်ပဲသရဲတွေမြင်နိုင်တာလား?” ချန်းယုကို ရှောက်ဟွေ စိတ်အားတက်သန်စွာကြည့်လာလိုက်လေသည်။

“ဟုတ်တယ်။” ချန်းယုခေါင်းညိတ်ပြလိုက်လေသည်။ ကျန်ဝမ်ဝမ်နဲ့ချုရှောင်းပြောလာမှတော့၊ ဒီကိစ္စကို ဖုံးကွယ်နေရန်ထပ်မလိုအပ်လေတော့ဘူး။ ဒါ့အပြင်၊ တကယ့်အမှန်က သူမဖုံးကွယ်ရမှာကို အရမ်းပျင်းနေပြီး တမင်သက်သက်မဖုံးကွယ်ထားလိုက်လေဘူး။

ချန်းယုလက်ကို ရှောက်ဟွေစိတ်လှုပ်တရှားဆုပ်ကိုင်လိုက်လေတယ်: “သာမန်ကောင်းကင်ဘုံဆရာတွေထက် မင်းကပိုအားကောင်းတယ်လို့ ကျန်ဝမ်ဝမ်ပြောဖူးသေးတယ်။”

ကျန်ဝမ်ဝမ် သူမကိုတောင် ကြော်ငြာပေးသေးတာလား? ချန်းယုအနည်းငယ်အံ့ဩသွားလေသည်။

ချန်းယု နှိမ်နှိမ်ချချပြန်ဖြေလိုက်လေတယ်၊  “ထိပ်ဆုံးဆရာတွေနဲ့ ယှဉ်ရင် ငါအဲ့လောက်မကောင်းသေးပါဘူး၊ ဒါပေမဲ့ အဲဒီ အောက်ခြေကလူတွေထက်တော့ ပိုကောင်းပါတယ်။”

“ဘာပဲဖြစ်ဖြစ်၊ အရင်ဆုံး ငါတို့နဲ့အတူ တစ်ခုခုကြည့်ပေးဖို့လိုက်လာခဲ့လိုက်ပေါ့။” ရှောက်ဟွေပြောပြီးနောက်၊ သူ့ခေါင်းကို ကားမောင်းနှင်နေတဲ့ ချင်ယီဘက်လှည့်လိုက်ပြီး စိတ်အားထက်သန်စွာပြောလိုက်လေတယ်၊  “ချင်ယီ၊ မြန်မြန်မောင်းလိုက်။”

“ငါတို့မကြာခင်အဲဒီကိုရောက်လိမ့်မယ်။” ချင်ယီပြန်ဖြေလိုက်လေသည်။

ချန်းယု စူးစမ်းချင်စိတ်နဲ့ ပြတင်းပေါက်ကနေ လှမ်းကြည့်ကြည့်လိုက်လေသည်။ ကားက လမ်းဆုံမှာရပ်သွယးကာ၊ လှည့်လိုက်ပြီး ဆေးရုံတစ်ခုထဲဝင်လာလိုက်လေသည်။

ထို့နောက်၊ ရှောက်ဟွေဖုန်း ရုတ်တရက်မြည်လာလေသည်။ ရှောက်ဟွေအဲ့တာကိုပြန်ဖြေလိုက်တော့၊ ကျန်ဝမ်ဝမ်ရဲ့ စီခနဲအော်ဟစ်သံကိုသာကြားလိုက်ရလေတယ်၊ “အစ်ကိုရှောက်ဟွေ၊ မြန်မြန်လာခဲ့။ အစ်ကိုသေတော့မယ်။”

“ငါတို့အောက်ထပ်ရောက်နေပြီ။” ရှောက်ဟွေမျက်နှာ ချက်ချင်းကြည်ရဆိုးလာလေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】حيث تعيش القصص. اكتشف الآن