အပိုင်း(၄၆.၃):အိပ်စက်ခြင်း
နောက်နေ့မနက်ခင်းအထိ ဆရာမော်ရောက်လာဦးမှာမဟုတ်လေဘူး၊ ပြီးတော့ သူတို့တွေကလည်း ရုပ်လွန်ပညာကို သဘောပေါက်နားမလည်လေဘူး။ ဒီတော့၊ တတိယသခင်လေးကို ကူညီပေးနိုင်တဲ့သူတစ်စုံတစ်ယောက်ရှိနေမယ်ဆိုရင်၊ အဲ့တာက ချန်းယုတစ်ဦးတည်းသာဖြစ်လေတယ်၊ ကောင်းကင်ဘုံဆရာတစ်ဦးပေါ့။
ဟဲကျီ ခဏလောက်တွေးလိုက်ပြီး ချန်းယုကို ဒီကိစ္စရှင်းပြလိုက်ရန် ဆုံဖြတ်လိုက်လေတော့တယ်၊ “တတိယသခင်လေးရဲ့ကိုယ်ထဲကမကောင်းမှုဝိညာဉ်က နွေဦး၊နွေ၊ဆောင်းဦး၊ဆောင်းအလိုက် ပြောင်းလဲနေတတ်တယ်၊ နွေနဲ့ဆောင်းဦးမှာဆိုရင်၊ မကောင်းမှုဝိညာဉ် အတော်ကလေးတည်ငြိမ်နေလိမ့်မယ်။ နွေဦးမှာဆိုရင်၊ မကောင်းမှုဝိညာဉ်အတက်ကြွဆုံးဖြစ်ပြီး၊ ဆောင်းတွင်းမှာဆိုရင်၊ မကောင်းမှုဝိညာဉ် အားအနည်းဆုံးဖြစ်တယ်။”
သူမကြားလိုက်ရတာကြောင့် ချန်းယုမှင်သက်သွားလေသည်။ လော့မင်က သူ့ကျောက်စိမ်းချိပ်ကောက်နဲ့ အမြဲအတူရှိနေတာကြောင့်၊ ဆောင်းရာသီရောက်လာပြီးနောက် သူ့ကိုယ်ထဲက မကောင်းမှုဝိညာဉ်ကို ထောက်လှမ်းဖို့ရန် ချန်းယုကျရှုံးခဲ့လေသည်။
“တတိယသခင်လေးရဲ့ကိုယ်ထဲက မကောင်းမှုဝိညာဉ်က ဆောင်းယဉ်စွန်းချိန်ရောက်လာရင် ငြိမ်သက်လာလိမ့်မယ်။”
“ငြိမ်သက်တာ?” ချန်းယုရဲ့စိတ်ထဲ ဖြစ်နိုင်ချေတစ်ခုဖြတ်ပေါ်လာလေသည်။
“ဟုတ်တယ်။” ဟဲကျီ ဆက်ပြီးရှင်းပြလိုက်လေတယ်၊ “ဘာကြောင့်ဖြစ်ရလဲဆိုတာ ကျွန်တော်တို့မရှာနိုင်ဘူး၊၊ ဆောင်းယဉ်စွန်းချိန်ရောက်ရင်၊ အပူချိန်နိမ့်တဲ့နေရာကို တတိယသခင်လေးသွားမိသရွေ့၊ သူ့ကိုယ်ထဲကမကောင်းမှုဝိညာဉ် ဆောင်းခိုတာစတင်လာလိမ့်မယ်ဆိုတာကိုပဲ ကျွန်တော်တို့သိတယ်။ သူ့ဆောင်းခိုလိုက်တာနဲ့ အရာအားလုံးဒီလိုဖြစ်လာတော့တာပဲ; တတိယသခင်လေး အသက်မရှုတော့ဘူး၊ နှလုံးမခုန်တော့ဘူး၊ ကိုယ်အပူချိန်မရှိတော့ဘူး၊ ပြီးတော့ သတိလည်းမရှိတော့ဘူး၊ နွေးဦးစတင်တဲ့အချိန်အထိ အိပ်စက်သွားမှာ။”
VOCÊ ESTÁ LENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...