အပိုင်း(၅၁.၂):ငါ့ကိုမနာလိုတာ

2.1K 288 2
                                    

အပိုင်း(၅၁.၂):ငါ့ကိုမနာလိုနေတာ

“ဂိုဏ်းအုပ်ဘုန်းတော်ကြီးကုက တော်တော်သမာဓိရှိတဲ့သူဖြစ်နေမယ်လို့ ကျွန်တော်မထင်ထားမိလိုက်ဘူး။” လော့မင် အံ့ဩသွားသဖြင့် ပြောလာလိုက်သည်။ တောင်ဖြုဂိုဏ်းက ချီချောင်မင်လို တပည့်တစ်ဦးမွေးထုတ်ပေးလာခဲ့တာဖြစ်လေတယ်၊ ဒီတော့ ဆိုးယုတ်တဲ့မျှစ်တွေထဲက တမူထူးခြားသောမျှစ်တစ်ခုအဖြစ် သူ့ကိုတွေးကြည့်လို့ရနိုင်လေသည်။ 

“အဲဒီလိုမဟုတ်ဘူး။” ဆရာမော်ခေါင်ခါပြလိုက်လေသည်။ “ချီချောင်မင်ပြန်မလာခင်နှစ်ရက်တုန်းက ကောလဟာလတွေရှိတယ်၊ တစ်ယောက်ယောက် တံခါးကိုလာပြီး တောင်ဖြုဂိုဏ်းရဲ့ သရဲတော်တော်များများကို ချေမှုန်းပစ်ခဲ့တာ။ ဂိုဏ်းက အမြစ်ပြတ်သုတ်သင်ခံရနိုင်တဲ့ ဘေးဒုက္ခမျိုး ဖြစ်လာမှာကို စိုးရိမ်နေတယ်၊ ဒီတော့ ချီချောင်မင်ကို သူတို့အကာအကွယ်မပေးရဲကြဘူး။”

“ဘယ်သူက အဲဒီလောက်တောင်အားကောင်းနေရတာလဲ?” လော့မင်မှင်သက်သွားမိလေတယ်။

“သူ့တပည်အတွက် လက်စားချေချင်လို့ ကျွမ်းကျင်သူတစ်ဦးရောက်လာခဲ့တာလို့ ငါသတင်းကြားထားတာပဲ။” ဆရာမော် ပြန်တွေးကြည့်လိုက်လေသည်။

“ရှီရှီအဘိုး?” လော့မင်ချက်ချင်းတုံ့ပြန်လာလေသည်။

“ငါတွေးကြည့်လို့ရသလောက်၊ ချီချောင်မင်တစ်ဦးတည်းကသာ တောင်ဖြုဂိုဏ်း အပြင်ဘက် လေ့ကျင့်နေတဲ့သူပဲ၊ ပြီးတော့ ရုပ်လွန်ပညာမှာ သူအနှောက်အယှက်ပြုမိတဲ့ တစ်ဦးတည်းသောသူဆိုလို့ သူငယ်ချင်းလေးချန်းတစ်ဦးပဲရှိတယ်။” ဆရာမော်ရဲ့စကားတွေက လော့မင်ရဲ့ထင်မြင်ချက်ကို အတည်ပြုလုနီးပါးဖြစ်နေလေသည်။

“ရှီရှီအဘိုးက အရမ်းအားကောင်းလိမ့်မယ်လို့ ကျွန်တော်တစ်ခါမှမထင်ထားခဲ့မိဘူး။” လော့မင် တအံ့တဩပြောလိုက်လေသည်။

“ဒါကြောင့်… သူငယ်ချင်းလေးချန်းရဲ့အဘိုးကို တတ်နိုင်သမျှမြန်မြန်တွေ့မှဖြစ်မယ်။” ဆရာမော်ပြောလိုက်လေတယ်၊ “သူ့မှာ တကယ်ပဲကုသနည်းတစ်ခုခုရှိနေနိုင်တယ်။”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Where stories live. Discover now