အပိုင်း(၇၀.၁):တားမြစ်နည်းပညာ

1.7K 220 2
                                    

အပိုင်း(၇၀.၁): တားမြစ်နည်းပညာ

ချန်းယန်ကို သူ့ကိုယ်ထဲ အတင်းအကြပ်ပြန်သွင်းလိုက်ပြီး သူ့ oxygen maskကို ဖယ်လိုက်လေတယ်။

“ရှီရှီ၊ သမီးဘာလုပ်နေတာလဲ?” ချန်းယုရဲ့ပုံမှန်မဟုတ်တဲ့အပြုအမူကိုမြင်တော့ အမေချန်းမထိန်းနိုင်တော့ဘဲ အထိတ်တလန့်ဖြစ်ကာအော်ဟစ်လိုက်လေသည်။

သူမဘာလုပ်နေတာလဲ?

မြို့တော်ကိုမလာခင်၊ ပယောဂနှင်တာအကြောင်း သင်ယူရဖို့ ချန်းယုက စိတ်ဝင်စားခြင်းမရှိလေဘူး။ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်ထဲ၊ သူမ ပယောဂပညာကိုလေ့လာရာမှာ စိတ်ဝင်စားတဲ့အခိုက်အတန့်ရှိခဲ့မယ်ဆိုရင်၊ အဲ့တာက သေချာပေါက် အလယ်တန်းတတိယနှစ်က ဆောင်းရာသီပိတ်ရက်ဖြစ်နိုင်လေသည်။

“မင်းအိမ်စာလုပ်နေပြန်တာလား? ရေးနေတာရပ်ပြီး ငါနဲ့အတူ မှော်လေ့ကျင့်ဖို့လိုက်ခဲ့လိုက်။”  အဘိုးဝူက ဆေးတံခြောက်နဲ့ ချန်းယုစားပွဲကို ဖွဖွရိုက်လာလိုက်တယ်။

“ဟင့်အင်း။” ချန်းယု သူမခေါင်းကိုမော့မလာဘဲ သူမကျောင်းစာအုပ်ရဲ့နောက်တစ်မျက်နှာကို လှန်လိုက်လေတယ်။

“မင်းဘာလို့ အမြဲစာဖတ်နေတာ၊ ပုစ္ဆာတွက်နေတာတွေပဲလုပ်နေရတာလဲ? ဘေးအိမ်က အာမော်၊ မင်းအတန်းထဲကပဲ။ သူ့မှာ ဘာလို့မင်းလိုအိမ်စာလုပ်စရာမရှိနေရတာလဲ?” အဘိုးဝူနားမလည်နိုင်လေဘူး။

“ဒါကြောင့် သူ့အဆင့်က သမီးလောက်မကောင်းနေဘူးလေ။” ချန်းယုပြန်ဖြေလိုက်လေသည်။

“ကျောင်းကြောင့် မင်းမှာအချိန်မရှိနေဘူး၊ ဒါပေမဲ့ ငါလည်းမင်းကိုတွန်းအားမပေးနေပါဘူး။ ဒီနှစ်ဆောင်းရာသီပိတ်ရက်က ရှားပါးပိတ်ရက်ပဲ။ မင်း ငါ့ဆီကနေ ပယောဂနှင်တဲ့ပညာတွေ များများလေ့လာသင်ယူထားသင့်တာ။” အဘိုးဝူပြောလိုက်လေသည်။

“အဘိုး၊ ကျွန်မ နှစ်ဝက်စာမေးပွဲဖြေရတော့မှာ၊၊ အချိန်မရှိတော့ဘူး။” အရင်နှစ်တွေထဲ၊ ဆောင်းရာသီနဲ့နွေရာသီပိတ်ရက်တွေ၌ သူမအဘိုးနဲ့အတူ အပြင်ထွက်သွားလေ့ရှိလေတယ်၊ ဒါပေမဲ့ ဒီနှစ်တော့မဟုတ်လေဘူး။ နှစ်ဝက်စာမေးပွဲနီးလာလေပြီ၊ ပြီးတော့ ဆရာ/ဆရာမတွေက သူတို့လေ့လာခြင်းမှာ အမှီလိုက်နိုင်ရန် တိုက်တွန်းနေကြလေတယ်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Where stories live. Discover now