အပိုင်း(၄၃.၂): ငါလည်းကောင်းကင်ဘုံဆရာပဲလား?
"မိန်းကလေးက အမြဲရုတ်ရုတ် ရုတ်ရုတ်လုပ်ပြီး၊ ပိုက်ဆံမက်သူဖြစ်ပြီး၊ သူမကြည့်ရတာ သူမမရင့်ကျက်သေးပုံပေါ်တယ်၊ ဒါပေမဲ့ သူမက အရမ်းသဘောကောင်းပြီး ချစ်ဖို့ကောင်းတယ်။” လော့မင်ပြောပြလာလေသည်။
ဒီတော့၊ ဒီလိုဖြစ်နေတာကို၊ အလကားအထိတ်တလန့်ဖြစ်သွားလို့ အနည်းငယ်ခုန်သွားတဲ့ လူအိုကြီး၊ လက်ဖက်ရည်ခွက်ကိုယူပြီး သူအထိတ်တလန့်ဖြစ်သွားတာကို ဖိနှိပ်ဖို့ လက်ဖက်ရည်ပူပူလေး သောက်ချလိုက်လေသည်။
လော့မင် သာမန်လူ့အသိုင်းအဝိုင်းထဲ ခြေလှမ်းလှမ်းနေပြီးလို့ လူအိုကြီးထင်လုနီးပါးဖြစ်သွားလေသည်။
“သူငယ်ချင်းလေးချန်း အချိန်ဘယ်လောက်ကြာကြာငှားထားတာလဲ?” ဆရာမော်မေးလိုက်လေသည်။
“ရှီရှီပြောတာတော့ နှစ်နာရီဆို လုံလောက်ပါပြီတဲ့။” လော့မင် ပြန်ဖြေလိုက်လေသည်။
“ဟုတ်ပြီ။” လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးနောက် ဆရာမော်ပြောလိုက်လေတယ်၊ “ငါဒီမှာနှစ်နာရီစောင့်နေလိုက်မယ်၊ ဓားကို သူငယ်ချင်းလေးချန်းဆီပို့ပေးဖို့ မင်းတစ်ယောက်ယောက်ရှာလိုက်လို့ရတယ်။”
“နှစ်နာရီက မလုံလောက်လောက်ဘူး။”
“ဘာ? သူမ နှစ်နာရီငှားချင်တာလို့ မင်းပဲအခုေလးတင် ပြောလာတာမဟုတ်ဘူးလား?” သူနားကြားမမှားလောက်ပါဘူးနော်၊ ဟုတ်တယ်မလား?
လော့မင် ပြုံးကာ ရှင်းပြလာလေတယ်၊ “မြို့တော်တက္ကသိုလ်အတွက် ဒီအပတ်က စာမေးပွဲအပတ်ပဲ၊ ရှီရှီ သေချာပေါက်စာမေးပွဲဖြေနေလောက်တုန်း၊ ဒီတော့…”
“အိုကေ၊ အိုကေ၊ မင်းအဲ့တာကို တစ်ယောက်ယောက်ကို ရှာပြီးပို့ခိုင်းလိုက်ပေါ့၊ ငါဒီမှာနည်းနည်းထပ်စောင့်နေလိုက်တာပေါ့။” တကယ်ကိုဂရုတစိုက်ရှိနေတာပဲ၊ ထို့နောက် ဆရာမော် တောင်းဆိုလာလိုက်လေတယ်၊ “ဒါပေမဲ့ chessကစားဖို့ မင်းငါ့ကိုအဖော်လုပ်ပေးရမယ်။”
“ကောင်းပါပြီ။”
chessboardကို ဟဲကျီယူလာပေးလိုက်လေတယ်၊ လက်ဖက်ရည်နဲ့ သရေစာတွေပြင်ဆင်ပေးလိုက်ပြီးနောက်၊ ကြေးဓားထည့်ထားတဲ့သစ်သားသေတ္တာကိုယူလိုက်ပြီး၊ လျှောက်ထွက်လာလိုက်လေသည်။ တံခါးမှာစောင့်နေသူက ထျန်းဖေဖြစ်လေတယ်၊ ချန်းယု သရဲထပ်နှင်တော့မလို့ဆိုတာ ကြားလိုက်ရပြီးနောက် တောက်တိုမယ်ရလုပ်ပေးရန် စာရင်းပေးလာတဲ့သူပေါ့။
VOUS LISEZ
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Roman d'amourမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...