အပိုင်း(၅၈.၁):အမှုကိစ္စကိုမြို့စောင့်နတ်ဖြေရှင်းပေးတယ်

1.9K 272 0
                                    

အပိုင်း(၅၈.၁):အမှုကိစ္စကိုမြို့စောင့်နတ်ဖြေရှင်းပေးတယ်

သူ့သားကိုကယ်တင်ရန် ဒါရိုက်တာကျန်မှာ သေလုနီးပါးဖြစ်နေလေတယ်၊ ဒီတော့ ချန်းယုပြောတာကို သူနားထောင်လိုက်တယ်။ သူခဏလေးတောင်မနှောင့်နှေးရဲဘဲ လျူရှုချန်ကိုခေါ်ကာ မြို့စောင့်နတ်ဘုရားကျောင်းဆီလာခဲ့လိုက်တယ်။

ချန်းယုလည်း ဒီကိစ္စကို မြန်မြန်ဖြေရှင်းလိုက်ချင်နေတယ်။ ဒါရိုက်တာကျန်ပူးပေါင်းပါဝင်ပေးနေတာကိုမြင်တော့၊ နှစ်ဦးသားအပေါက်အလမ်းတည့်သွားလေတယ်။ ဆေးရုံကနေ သူတို့ထွက်လာပြီး မြို့စောင့်နတ်ဘုရားကျောင်းရှိရာဆီ မောင်းနှင်လာလိုက်တယ်။

မြို့စောင့်နတ်ဘုရားကျောင်းက မြို့တော်အလယ်ဗဟိုမှာရှိပြီး ခရီးသွားသူများပြားတဲ့နေရာတစ်ခုဖြစ်လေသည်။ မရေမတွက်နိုင်လောက်တဲ့ နေ့စဉ်လာရောက်လည်ပတ်သူတွေနဲ့ မြောက်မြားစွာသော အမွှေးတိုင်တွေရှိလေတယ်။

မြို့စောင့်နတ်ဘုရားကျောင်းရှေ့ လာရောက်ဆုတောင်းဝတ်ပြုသူတွေ တစ်သီတစ်တန်းကြီးကို ဒါရိုက်တာကျန်မြင်လိုက်တော့၊ မြို့စောင့်နတ်ကို ဝတ်ပြုဖို့ဘယ်နေရာသွားရမလဲဆိုတာ ချန်းယုကိုလှည့်မေးရန်ပြင်နေချိန် သိမ်မွေ့တည်ငြိမ်ပြီး စစ်တပ်လေထုဝန်းရံနေတဲ့ အမျိုးသားတစ်ဦး၊ အဓိကခန်းမရဲ့ဘေးတံခါးက လျှောက်ထွက်လာတာကိုမြင်တွေ့လိုက်ရလေသည်။

"မိန်းကလေးချန်းယု၊ မြို့စောင့်နတ်ဘုရားကျောင်းကို တာဝန်ယူထားတဲ့၊ တာအိုဆရာတော်ချင်ဟဲဆီကနေ ဆရာမော်ခွင့်ပြုချက်တောင်းထားပြီးပြီ၊၊ မြို့စောင့်နတ်ကို ဝတ်ပြုဖို့မဖွင့်ပေးထားတဲ့ ဘေးခန်းမကို မင်းအသုံးပြုလို့ရတယ်။" ထျန်းဖေ အပြုံးနဲ့ပြောလာလေတယ်၊ "လှူဒါန်းဖွယ်ပစ္စည်းတွေ၊ ဖယောင်းတိုင်းတွေနဲ့ အမွှေးတိုင်းတွေလည်း အဆင့်သင့်ဖြစ်နေပါပြီ။"

"ကောင်းပြီ။ ဘေးခန်းမကဘယ်မှာလဲ?" ချန်းယုမေးလိုက်လေသည်။

"ကျွန်တော်လမ်းပြပေးမယ်၊" ထျန်းဖေလှည့်ကာ ရှေ့ကဦးဆောင်သွားလိုက်လေသည်။

ချန်းယု ဘာမှမပြောဘဲ နောက်ကလိုက်သွားလေတယ်။ ထျန်းဖေကို ဒါရိုက်တာကျန်မသိလေဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်လမ်းပြပေးနေတော့၊ ဖြူဖျော့နေတဲ့ လျူရှုချန်ကို တစ်ယောက်ယောက်အားစောင့်ကြည့်ခိုင်းပြီး နောက်ကလိုက်သွားလိုက်တယ်။ ချန်းယန်တစ်ဦးတည်းရဲ့အမူအရာကသာ ရှုပ်ထွေးနေလေတယ်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora