အပိုင်း(၇၃.၁):အဘိုး
လူအိုကြီးကို ရဲတွေ မီးသင်္ဂြိုဟ်စက်ရုံဆီ တကယ်ကြီးပို့ပစ်လိုက်မှာကို ချန်းယုစိတ်ပူလေတယ်၊ ဒီတော့ ရဲဦးလေးကြီးကို လူအိုကြီး‘အလောင်း’အား ထိုအတိုင်းထားထားလိုက်ဖို့ ထပ်ခါထပ်ခါပြောဆိုလိုက်ပြီးနောက်၊ သူမဖုန်းမြန်မြန်ချလိုက်ပြီး လော့မင်ကို ဖုန်းခေါ်ဆိုလိုက်လေတော့သည်။
“တတိယအစ်ကို၊ ကူညီပါဦး၊ အာ!”
မနေ့ညတုန်းက ချန်းယု ဝမ်းနည်းပက်လက်ငိုကြွေးခဲ့တာကြောင့် လော့မင် တစ်ညလုံးအိပ်မပျော်နိုင်ခဲ့လေဘူး။ ဒီမနက်ခင်းကို ဒီလိုကြောက်လန့်ဖို့ကောင်းတဲ့စကားလုံးတွေနဲ့ သူမထံမှဖုန်းခေါ်လာတာကို လက်ခံရရှိလိုက်တော့၊ သူ့ထိုင်ခုံပေါ်ကနေ အလန့်တကြားခုန်ထလိုက်ကာ၊ “ဘာဖြစ်တာလဲ?”
“ညီမမဟုတ်ဘူး။ ညီမအဘိုး။” လူအိုကြီးကိစ္စကို ချန်းယုမြန်မြန်ဆန်ဆန်ရှင်းပြလာလိုက်ပြီး အသနားခံလာလိုက်လေတယ်၊ “ရဲတွေ ညီမအဘိုးခန္ဓာကိုယ်ကိုတစ်ခုခုလုပ်ပစ်မှာကို ညီမစိုးရိမ်တယ်။ တတိယအစ်ကို၊ ညီမအတွက် ညီမအဘိုးကိုယ်ကို ရဲစခန်းကနေယူထုတ်ပေးနိုင်မယ့်သူရှာကူပေးလို့ရနိုင်မလား?”
ဖြစ်ရပ်၏အကျိုးနဲ့အကြောင်းကို လော့မင်ကြားလိုက်ပြီးနောက်၊ လော့မင်စိတ်အခြေအနေကလည်း ထိတ်လန့်တာကနေ ပြောစရာမရှိတာအဖြစ်ပြောင်းလဲလာလေတော့သည်။ တစ်ဖက်မှ ချန်းယုရဲ့ညင်သာတဲ့တောင်းဆိုနေသံကိုနားထောင်ရင်း၊ လော့မင်စဉ်းစားမနေဘဲ သဘောတူလာလိုက်လေတယ်၊၊ “မစိုးရိမ်ပါနဲ့။ အဘိုးဝူရဲ့ကိုယ်ကို အခုချက်ချင်းသွားယူခိုင်းလိုက်မယ်။ ပြီးရင် ရဟတ်ယာဉ်နဲ့ မြို့တော်ဆီပို့ခိုင်းလိုက်မယ်။”
“ကျေးဇူးတင်ပါတယ်၊ တတိယအစ်ကို။ ဒါဆို ညီမဖုန်းချလိုက်တော့မယ်။ သူ့ကိုသယ်ဖို့တစ်ယောက်ယောက်ကိုမြန်မြန်ရှာလိုက်။” ချန်းယုပြောပြီး ဖုန်းချရန်လုပ်လိုက်လေသည်။
“ခဏနေဦး။” လော့မင် သူမကိုတားလိုက်လေသည်။
“တတိယအစ်ကို?” ချန်းယု ဇဝေဇဝါဖြစ်နေလေသည်။

ESTÁS LEYENDO
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romanceမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...