အပိုင်း(၇၉.၁):တတိယအစ်ကို့ရန်လိုမှု

1.6K 201 1
                                    

အပိုင်း(၇၉.၁):တတိယအစ်ကိုရဲ့ရန်လိုမှု

ကျောက်တုံးက ပို၍အပြင်းအထန်လှုပ်ယမ်းလာကာ; သူ့အပေါ်ကအက်ကွဲကြောင်းတွေက ပိုများလာပြီး၊ ဇွန်ဘီးရဲ့ဖိနှိပ်ခံထားရတဲ့ဟိန်းဟောက်သံက ပို၍ရှင်းရှင်းလင်းလင်းကြားလာရလေတယ်။ လူအုပ်က စူးစိုက်ငေးကြည့်နေပြီး၊ ဘာလုပ်ရမလဲမသိလေဘူး။ ဒီလေလုံတဲ့မှော်အကာအရံထဲ၊ သူတို့လွတ်မြောက်ချင်တယ်ဆိုရင်တောင် လွတ်မြောက်ဖို့ဘယ်နေရာမှမရှိနေလေဘူး။

အခြားသူတွေ သူ့အလိုလိုနောက်ဆုတ်သွားချိန်၊ ချန်းယု ရုတ်တရက်ကြီး ရှေ့သို့တိုးလာလေတယ်။

“နတ်ဘုရား?”

“တာအိုမိတ်ဆွေချန်း?”

သံလိုက်အိမ်မြှောင်ကို ပစ်ထုတ်လိုက်ပြီး၊ ကိုယ်တစ်ဝက်လှည့်ကာ အထက်စီးဆန်ဆန်ပြောလာလေတယ်၊ “ဘာပဲဖြစ်ဖြစ်၊ ငါတို့မှထွက်ပြေးသွားလို့မှမရတာ၊ ဒီတော့ ဘာလို့မျက်နှာချင်းဆိုင်မရင်ဆိုင်လိုက်ရမှာလဲ?”

လျန်ယုမျက်လုံးတွေ ကြယ်ရောင်လိုလင်းလက်လာလေတော့သည်။ သူမက သူကြည်ညိုလေးစားနေတဲ့ နတ်ဘုရားဖြစ်ထိုက်ပါပေတယ်။ သူမက မိန်းကလေးဖြစ်နေပြီး အရမ်းချမ်းသာတာတောင်၊ ဘုရင်တစ်ပါးလိုအရှိန်အဝါမျိုး ထွက်ပေါ်နေသေးလေသည်။

“အမှန်ပဲ။ ဘာပဲဖြစ်ဖြစ်၊ ငါတို့ကသေခြင်းတရားကိုရင်ဆိုင်ရမှာပဲလေ၊ ဒီတော့ သူရဲကောင်းဆန်ဆန်သေသွားတာက အကောင်းဆုံးပဲပေါ့၊” နတ်ဘုရားရဲ့ခြေလှမ်းတွေအတိုင်း သူလိုက်ပါသင့်တယ်လို့ လျန်ယုခံစားနေရလေသည်။

သူတိူ့နှစ်ဦးရဲ့ ရုတ်တရက်စိတ်ဓာတ်တက်ကြွလာတာကိုကြည့်ပြီး အခြားသူလေးဦး မှင်သက်သွားလေတော့သည်။ လုနင်က ပထဆုံးတုံ့ပြန်လာတဲ့သူပဲ။ သူရှေ့က ရဲစွမ်းသတ္တိရှိတဲ့ချန်းယုကိုကြည့်ကာ ရုတ်တရက်ကြီးသတ္တိရှိလာသမျိုး ခံစားမိလိုက်လေတယ်။ သူ့ဝိညာဉ်ဆင့်ခေါ်ခြင်းခေါင်းလောင်းကို ချက်ချင်းထုတ်လာလိုက်ပြီး ချန်းယုနားလျှောက်လာကာ: “တာအိုမိတ်ဆွေချန်းပြောတာမှန်တယ်။ ငါတို့သေပြီးရင်ပြန်လည်မွေးဖွားရမှာပဲ၊ ဒီတော့ ဘာကြောက်စရာမှမရှိနေဘူးပဲ။”

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Donde viven las historias. Descúbrelo ahora