အပိုင်း(၄၄.၁) : လူအရိုး
ဒီနေ့က သောကြာနေ့ဖြစ်လေတယ် ဒီတော့ ချန်းယု ကျောင်းကနေ အိမ်ပြန်လာလိုက်လေတယ်၊ ချန်းယန်လည်း ညစာစားဖို့ ရဲစခန်းကနေ အိမ်ကိုပြန်လာလေတယ်၊ မြို့တော်ဝန်ချန်းလည်း ဒီနေ့ အစည်းအဝေးတက်ရန်မရှိနေလေဘူး၊ ဒီတော့ ချန်းမိသားစု ရှားရှားပါးပါး မိသားစုစုံစုံလင်လင် ညစာစားကြလေသည်။
“ရှီရှီ၊ အာ၊ ထပ်စားဦးလေ။” သူမတူနဲ့ ဟင်းယူလိုက်ပြီး ချန်းယုပန်းကန်ထဲထည့်ပေးလိုက်ကာ၊ “စာမေးပွဲနဲ့ဖိအားများမနေနဲ့ဦး၊ သမီးအောင်တယ်ဆိုရုံတင် အဆင်ပြေပါတယ်။”
“ကလေးကို ဒီနည်းနဲ့ မင်းဘယ်လိုလုပ်သင်ပေးနေရတာလဲ? ဒါပေါ့ သူမသေချာပေါက် ကောင်းကောင်းဖြေဆိုနိုင်ရမှာပေါ့၊ အောင်ရုံတင် ဘယ်လိုလုပ်အဆင်ပြေမှာလဲ?” မြို့တော်ဝန်ချန်းသဘောမတူနေလေဘူး၊ “ဒီလိုမျိုး ‘ဝတ်ကျေတမ်းကျေ မကြိုးပမ်းတဲ့နည်းစနည်းမျိုး’ သဘောထားခိုင်းလို့မရဘူး။”
“ဘာဝတ်ကျေတမ်းကျေလဲ? ကျောင်းက အောင်ရုံပဲ လိုအပ်တာမဟုတ်ဘူးလား?” အမေချန်းပြန်လည်ချေပလိုက်လေသည်။
“အောင်တယ်ဆိုတာက အနိမ့်ဆုံးသတ်မှတ်ချက်ပဲ၊ လူ့အသိုင်းအဝိုင်းကလူတိုင်းက အောင်ချင်ရုံမျှပဲဆိုရင်၊ ဒါဆို သူတို့အလုပ်တွေ အိုးနင်းခွက်နင်းပြီးမြှောက်သွားခဲ့မယ်ဆိုရင်၊ လူ့အသိုင်းအဝိုင်း ဘယ်လိုလုပ်တိုးတက်လာနိုင်တော့မှာလဲ?” မြို့တော်ဝန်ချန်း ပြန်လည်တုံ့ပြန်လိုက်လေသည်။
“စာမေးပွဲလေးပဲမဟုတ်ဘူးလား? လူ့အသိုင်းအဝိုင်းတိုးတက်မှုအကြောင်း ရှင်ဘယ်လိုလုပ်ထည့်ပြောလာရတာလဲ?” အမေချန်း မကျေမနပ်ဖြစ်သွားလေတယ်။
“ငါပြောချင်တာက၊ ဒီလိုမျိုးသဘောထားက…”
သူမစာမေးပွဲအကြောင်း သူမမိဘတွေ စကားများနေတာကို ချန်းယုမြင်လိုက်လေတယ်၊ ဒီတော့ သူတို့ကိုမြန်မြန်တားလိုက်ကာ၊ “အဖေ၊ စိတ်မပူပါနဲ့၊ သမီးစာမေးပွဲမှာအကောင်းဆုံးကြိုးစားပါ့မယ်။ အမေ၊ အမေလည်းစိတ်အေးအေးထားလို့ရတယ်၊ သမီးအထက်တန်းကျောင်းတုန်းက သမီးကအဆင့်တစ်ပဲ။ ဟုတ်ပြီ၊ ဒီအတိုင်း စာမေးပွဲလေးပါ၊ အဲဒီလောက်အထိ မပင်ပန်းပါဘူး။”
KAMU SEDANG MEMBACA
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romansaမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...