အပိုင်း(၇၅.၁): နှစ်သစ်ကူးအကြို
မှော်လက်နက်တွေကို အဘိုးဝူလိုအပ်တယ်ဆိုတာကြောင့်၊ သူတို့ရှာဖွေနိုင်သမျှ မှော်လက်နက်တွေအားလုံးရှာဖွေနိုင်ဖို့အတွက် ဆရာမော်နဲ့ ဝန်ကြီးလော့တို့ သူတို့အဆက်အသွယ်အားလုံးနီးပါးကို အသုံးပြုခဲ့ရလေတယ်။
ဒါပေမဲ့ သူတိူ့အဆက်သွယ်ကောင်းကောင်းဘယ်လောက်များများရှိနေပါစေ၊ ယနေ့ခေတ်ရဲ့နိယာမအဆုံးသတ်ကာလ၌၊ မှော်လက်နက်ကောင်းတွေကိုရှာဖို့ အင်မတန်ခက်ခဲနေသေးလေသည်။
ဒီကာလအတွင်း မှော်လက်နက်ကောင်းတွေကို မရှာတွေ့နိုင်ပေမဲ့၊ ချန်းယုရဲ့မြို့တော်ရောက် ပထမဆုံးနှစ်သစ်ကူးကတော့ စတင်လာပါပြီ။
ချန်းယု၊ အနီရောင်ဆွယ်တာကို ဝတ်ဆင်ကာ၊ မြို့တော်ဝန်ချန်းအား နှစ်ကြောင်းတွဲကဗျာကို နေရာချထားဖို့ ကူပေးလိုက်ပြီးနောက် မီဖိုးထဲသွားပြီး အမေချန်းအား ကူညီပေးလိုက်လေသည်။ မြို့တော်ဝန်ရဲ့ဇနီးအနေနဲ့၊ အမေချန်းက များသောအားဖြင့်ချက်ပြုတ်လေ့မရှိလေဘူး၊ သူမကိုယ်တိုင်ကလည်း ချက်ပြုတ်ရတာကို အရမ်းမကြိုက်နှစ်သက်နေဘူး။ ဒါပေမဲ့ နှစ်တိုင်း နှစ်သစ်ကူးအကြို၌၊ သူမကိုယ်တိုင် ညစာချက်ပြုတ်လေ့ရှိလေသည်။
တစ်ချက်က နာနီအဒေါ်က အားလပ်ရပ်မှာ အိမ်ပြန်သွားတာကြောင့်ပဲ။ အခြားအချက်ကတော့ နှစ်သစ်ကူးလိုနေ့၌၊ အိမ်ထဲကအရာအားလုံးကို သူမမိသားစုကိုယ်တိုင်လုပ်ထားတာအား အမေချန်းလိုချင်လေတယ်။
"အမေ၊ သမီးဒီလိုမျိုးထည့်လိုက်မယ်ဆိုရင် ဖက်ထုပ်ကျသွားနိုင်လား?" အရသာရှိတဲ့ဖက်ထုပ်တွေကို ထုပ်ပိုးနေရင်း ချန်းယုမေးလိုက်လေသည်။
"နည်းနည်းကျသွားနိုင်တယ်၊ ဒါပေမဲ့ အရမ်းဆိုးဆိုးဝါးဝါးတော့မဟုတ်ပါဘူး။" အမေချန်းပြီးသွားတော့ ချန်းယုကို သတိပေးလာလေတယ်၊ "ရှာလကာရည်ယူခဲ့ဖို့လည်းသတိရဦး။ ရှာလကာရည်မပါတဲ့ဖက်ထုပ်က အရသာမကောင်းနိုင်ဘူး။"
"အို..." ချန်းယု ပြန်ဖြေလာလေတယ်။ ခဏလောက် တွေးလိုက်ပြီးနောက်၊ သူမမေးလာလေတယ်၊ "အမေ၊ အစ်ကိုဒါတွေစားလို့ရလို့လား?"
DU LIEST GERADE
ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】
Romantikမြို့တော်ရဲ့အထကျတနျးအသိုင်းအဝိုင်းကြားမှာ ကောလဟာလအများအပြားရှိနေလေတယ်။ အမည်မသိလူချမ်းသာ ၁: ငါကြားတာတော့ ပြန်ပေးဆွဲခံရတဲ့ မြို့တော်ဝန်ချန်းရဲ့သမီးကို နောက်ဆုံးတော့ပြန်ရှာတွေ့သွားပြီတဲ့၊ ကောလဟာလတွေအရ သူမကို နက်ရှိုင်းဝေးလံတဲ့တောင်ဆီကိုရောင်းစားခံလိုက်...