အပိုင်း(၅၃.၃):ပြန်လည်မွေးဖွားဖို့သူတို့ကိုပို့ပေးလိုက်

2K 257 2
                                    

အပိုင်း(၅၃.၃):ပြန်လည်မွေးဖွားဖို့ သူတို့ကိုပို့ပေးလိုက်

လူနာဆောင် ၂၂၀၆၊ မြို့တော်ဆေးရုံ၌။

နဂိုက ကျန်ဇီယန်တစ်ဦးထဲပဲရှိနေတဲ့လူနာဆောင်မှာ ဆေးရုံခုတင်နောက်တစ်ခုရှိနေလေသည်။ အခြားကုတင်ပေါ်မှာ၊ အသက်နှစ်တယ်အရွယ်လောက်ရှိပုံပေါ်ကာ၊ ရှည်လျားနက်မှောင်တဲ့ဆံပင်ရှည်တွေနှင့် လှပတဲ့မိန်းကလေးတစ်ဦးရှိနေလေတယ်၊၊ သူမသတိမေ့နေပေမဲ့၊ သူမခန္ဓာကိုယ်၏ ရိုးရိုးယဉ်ယဉ်နှင့် ညင်သာတဲ့ပင်ကိုယ်စရိုက်ကိုတော့ လျစ်လျူရှုထားလို့မရနိုင်လေဘူး။ သူမကိုကြည့်လာတဲ့သူတိုင်း၊ သူမကိုသနားကြင်နာလာစေပြီး မနေနိုင်ဘဲ သူမအတွက်ဝမ်းနည်းမိလေသည်။

အမေကျန် သတိမေ့မြောနေတဲ့စုံတွဲကိုကြည့်ပြီး သူမကြောင့်သာ သူမသားသတိမေ့မြောမသွားခဲ့ဘူးဆိုရင် သူမလိုမိန်းကလေးမျိုးကိုချွေးမတော်ရမှာအတွက် သူတို့မိသားစုကျေနပ်အားရနေလောက်မှာပဲလို့ အမေကျန်တွေးမိလိုက်လေသည်။

အမေကျန်သက်ပြင်းချလိုက်ပြီး လူနာဆောင်ကနေထွက်လာပြီး အပြင်ဘက်ဟိုတယ်ဆီသွားလိုက်လေသည်။ အဲဒီမှာ အဖေကျန်ရယ် အောင်မြင်တဲ့စီးပွားရေးသမားတစ်ဦးလို အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်ထားတဲ့သက်လတ်ပိုင်းအမျိုးသားရယ်၊ တာအိုဘုန်းတော်ကြီးနှစ်ပါရယ်၊ တစ်ခုခုကိုဆွေးနွေးနေကြလေသည်။

အောင်မြင်တဲ့စီးပွားရေးသမားနာမည်က လျူရှုချန်ဖြစ်ပြီး၊ လျူမူယာ၊ လူနာဆောင်ခန်းထဲကမိန်းကလေးရဲ့၊ အဖေဖြစ်လေသည်။ သူမအရင်ပြောလိုက်လေတယ်၊ “ဇီယန်ပေါ်ကချိပ်က ခုနစ်ရက်ပဲခံတာ။ အခုလက်ရှိ၊ နှစ်ရက်ခွဲကျော်သွားပြီ။ ကျွန်မတို့မှာ လေးရက်ခွဲကျန်သေးတယ်။”

“မစ္စတာလျူ၊ ကျွန်တော့သားအပေါ်မင်းအသုံးပြုနေတဲ့ အသက်လဲလှယ်ခြင်းနည်းကိုအခုချက်ချင်းရပ်လိုက်ဖို့ ကျွန်တော်တောင်းဆိုပါတယ်။” အဖေကျန်၊ ပြည်သူ့လုံခြုံရေးဌာနအကြီးအကဲနှင့်သင့်လျော်သော၊ ဟိတ်ပန်တွေကိုဖိနှိပ်ထားလေသည်။

“ဒါရိုက်တာကျန်၊ ကျွန်တော်တို့တွေအသက်လဲလှယ်ခြင်းနည်းကိုသုံးနေတာ တစ်ဝက်ရှိနေပြီ။ ကျွန်တော်တို့သာရပ်လိုက်မယ်ဆိုရင် ယာယာသေချာပေါက်သေသွားနိုင်တယ်၊ ဒါပေမဲ့ ဇီယန်နိုးလာနိုင်မလားဆိုတာကိုတော့ အာမမခံနိုင်ဘူး။” လျူချူချန်ပြောလိုက်လေသည်။

ယုံချင်ယုံ မယုံချင်နေ၊ ငါမင်းကိုဖမ်းမိပြီ!【MM Translation】Où les histoires vivent. Découvrez maintenant