အပိုင်း ၁၉၆ ၁၉၇ ၁၉၈ ၁၉၉ ၂၀၀

2.3K 260 10
                                    

Unicode

အပိုင်း ၁၉၆

ယွင်ရွှီကျိုးက သက်ပြင်းရှိုက်ကာ ခေါင်းခါယမ်းရင်း ပြောလိုက်သည်။

"မပူနဲ့ တို့ဒီမှာရှိနေရင် မင်းမသေစေရပါဘူး။ညီမလေး ဖုန့်ကော်...မင်းအမှတ်မှားနေတယ်နော်။ ယွင်ပြည်နယ်ရဲ့ ရှဲ့ကျန့်ဝမ် ယွင်ရွှီကျိုးဆိုတဲ့တို့က မင်းလိုပဲ မိန်းမသားပါကွဲ့။ အဲ့တုန်းကဆို တို့က ကျော်ကြားလှပါချည့်ရဲ့ဆိုတဲ့ ယုံးဝူမင့်ကိုတောင် ငြင်းပစ်ခဲ့တာ"

စန်းယွမ်ယွမ်က ရုတ်တရက် ယုံးဝူမင့်၏ အနည်ကိုကြားလိုက်ရတော့ မသိလိုက်စွာဖြင့် သူ့လက်ကို ဆုပ်ကိုင်ထားလိုက်၏။

ယုံးဝူမင့်က သရော်လိုက်ရင်း

"ယုံးဝူမင့်ကရော မင်းကို မျက်စိကျတယ်များထင်နေလား ယွင်ပြည်နယ်ရဲ့ ရှဲ့ကျန့်ဝမ်ရဲ့"

ယွင်ရွှီကျိုးက ဟာ့ခနဲ အသံဖြင့် လှောင်ရယ်ရယ်ကာ။

"ကျွန်မကလည်း သူ့ကို မကြိုက်ပါဘူး...သူမျက်စိကျတော့ရော ဘာလုပ်ရမှာလဲ။ ရှင်ကရော ဘာကိစ္စ တခြားလူကိစ္စကို ဂရုစိုက်နေတာလဲ။ ရှင့်ကိုယ်ရှင် ယုံးဝူမင့်များ ထင်နေလား"

ယုံးဝူမင့် : "......"

စိတ်မရှိပါနဲ့။ဒီက တကယ့်ကို အရှင်သခင်ကြီးကွ။

သူ မပေါက်ကွဲခင် စန်းယွမ်ယွမ်က သူ့ပါးစပ်ကိုလှမ်းပိတ်ကာ ပြောလိုက်သည်။

"ရန်မဖြစ်ကြနဲ့တော့။ ရှင်တို့အကုန်လုံးက လူကောင်းတွေမလို့ ပျော်ရွှင်မှုကို ပိုင်ဆိုင်ရမှာပါ"

ကြက်စွပ်ပြုတ်(မိုတီဗေးရှင်းရစေသောစကား)တစ်ပန်းကန် ဖိတ်စင်သွားပြီးနောက် ယုံးဝူမင့်ရော ယွင်ရွှီကျိုးပါ စကားဆက်လို့မရကြတော့။

စွပ်ဖားလှည်းက နှင်းတောင်ရှိရာဆီ ချောချောမွေ့မွေ့ မောင်းနှင်သွားကာ အလွန်နက်သော ချောက်ကမ်းပါးရှေ့မှာ ရပ်သွားသည်။

"မင်းတော့ ကံကောင်းတာပဲ!"

ယွင်ရွှီကျိုးက စွပ်ဖားလှည်းကို သေသပ်စွာရပ်တန့်လိုက်၍ ကြီးမား မာကြောသော ကြိုးတစ်ကွင်းကို ထုတ်၍ နှင်းတွေအောက်က တောင်နံရံမှာ သံမှိုရိုက်ကာ ပြောလိုက်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now