Unicode
အပိုင်း ၁၃၁
ထိုသို့ပြောပြီးသည်နှင့် သူက မျက်လုံးကိုမှေးကျဥ်းကာ သူမအမူအရာကို တစ်ချက်ကြည့်လိုက်သည်။
စန်းယွမ်ယွမ်က သူမ၏ မျက်နှာသေးသေးလေးကိုမော့ကာ သူ့ကိုပြုံးပြလိုက်၏။
"ကျွန်မက ရှင်နဲ့အတူရှိနေရသရွေ့ ငရဲသွားဆိုရင်တောင် သွားရဲတယ်"
ယုံးဝူမင့်က လေအေးတစ်ချက်ကိုရှုသွင်းကာ ခေါင်းကိုအဝေးလှည့်ပစ်လိုက်၍ ကျိပြည်နယ်၏ စစ်တပ်ရှိရာထံ သက်ပြင်းရှည်ကြီးကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။
အတော်ကြာတော့ သူ မနေနိုင်စွာ အော်ရယ်တော့သည်။
"ဒါဖြင့် သူတို့ကို ငရဲပို့လိုက်တာ ပိုကောင်းတာပေါ့"
သူ၏ တင်တင်စီးစီးအမူအရာက အနည်းငယ်တက်ကြွလာပုံပေါ်သည်။
ကျိပြည်နယ်၏ စစ်တပ်ကတော့ လှုပ်ရှားလာခဲ့ချေပြီ။
ရုတ်တရက်ဆိုသလို စစ်ချီဗုံသံက ကောင်းကင်ယံသို့ တုန်ဟီးလာသည်။
ရှေ့ပြေးသံချပ်ကာယန္တရားတပ်သား ၅ထောင်က ကြီးမားသည့်စစ်ဗျူဟာအခင်းအကျင်းကနေ ထိုးဖောက်ထွက်လာ၍ ခပ်ကျယ်ကျယ်ဖွင့်ထားသော ယုံးဖြတ်သန်းစစ်ဆေးရေးဂိတ်ဝင်ပေါက်ထဲသို့ ပြေးဝင်တိုက်ခိုက်ကြတော့သည်။
ယုံးဝူမင့်ဘေးက အသစ်စက်စက်ခန့်အပ်ခံထားရသည့်မြို့စောင့်တပ်မှူးခမျာ ချွေးတွေ မနည်းမနောကျနေကာ အမိန့်တစ်လှေကြီးကို အတုန်တုန်အလှုပ်လှုပ်ဖြင့် ထုတ်ပြန်နေရသည်။ သူ့အသံက အလွန်တရာမှ တုန်ရီနေတာကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေကာ အသံထွက်တွေကလည်း ထပ်ခါတလဲလဲ မှားယွင်းနေတော့သည်။ သို့ပေမဲ့ အဓိကကျသည့် မည်သည့်အခြေအနေမျိုးမှတော့ မရှိသေးချေ။ညွှန်ကြားချက်အမိန့်တွေ တစ်ခုပြီးတစ်ခု ထုတ်ပြီးနောက် စစ်ပွဲမီးတောက်က လောင်ကျွမ်းလာကာ ခံတပ်က ကာကွယ်ရေးတပ်သားတွေဟာ အလျင်စလို နောက်ဆုတ်လိုက်ကြတော့သည်။
'သတ်!"ဟူသော အော်သံတွေက အောက်ခြေမှသည် ကောင်းကင်ယံသို့ လွင့်စင်လာလျက်။
![](https://img.wattpad.com/cover/317732643-288-k47013.jpg)
YOU ARE READING
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romanceစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️