Unicode
ယွင်နိုင်ငံတော်တွင် ကျင့်ကြံရေးလောကတခွင်က လက်သင့်မခံသည့် မတူညီသောမျိုးနွယ်စု သုံးစုရှိ၏။လွန်ခဲ့သည့် နှစ်ထောင်ချီအစောပိုင်းလောက်မှာ အာဏာရှိသူများဟာ ထိုမျိုးနွယ်စုသုံးစုကို ဖိနှပ်နှိမ်နင်းခဲ့ကြပြီး ၎င်းတို့ကို မိစ္ဆာသုံးသွယ်ဟု ခေါ်ဝေါ်ခဲ့ကြသည်။နှစ်တစ်ထောင်ကျော် သွေးဖြင့်ဆေးကြောခံရအပြီးမှာတော့ မိစ္ဆာသုံးသွယ်ဟာ ဒဏ္ဍာရီသဖွယ် ဖြစ်လာခဲ့ပေ၏။
ချစ်ဇောဟုန်(ချင်)မျိုးနွယ်စုဟာ မိစ္ဆာသုံးသွယ်ထဲမှ တစ်ပါးပင် ဖြစ်ချေသည်။
တစ်စုံတစ်ယောက်က ချစ်ဇောဟုန်မျိုးနွယ်စုက လူနှင့် ကာမစပ်ယှက်ပြီးသွားပါက ခန္ဓာကိုယ်မှာ ဖြေဆေးမရှိသောအဆိပ်မိခြင်း ခံရမည်ဖြစ်ကာ ထိုသူ/သူမ ကသာ တစ်ခုတည်းသော ဖြေဆေးဖြစ်လေသည်။
ခဏတာသာယာမှုအတွက် လောဘကြီးပါက တစ်ဘဝစာ ချည်နှောင်ခံရပေမည်။ ယင်းက မုန့်ဝူယုံး၏ အကြီးဆုံး ရွှေလက်ချောင်းပင်။
မုန့်ဝူယုံးက ချစ်ဇောဟုန်မျိုးနွယ်စု၏ အဆက်အနွယ်တစ်ယောက်မှန်း စန်းယွမ်ယွမ် သိပြီးသား ဖြစ်၏။ အစကတည်းက ဟန်ရှောင်လင်အဖို့ မုန့်ဝူယုံးကို စွန့်ပစ်ဖို့ဆိုတာ မဖြစ်နိုင်မှန်း သူမ ကောင်းကောင်းကြီးကို သဘောပေါက်သည်။ ထိုနှစ်ယောက်ဟာ သေသည်အထိ တွယ်ယှက်သွားကြဖို့ ကြမ္မာပါလာပြီးသားပါပင်။
ထို့ကြောင့်လည်း သူမက ဟန်ရှောင်လင်နှင့်မုန့်ဝူယုံးတို့ လုံးဝပြတ်တောက်ခြင်းမရှိပါက သူမအနေဖြင့် စန်းပြည်နယ်သို့ပြန်ကာ ကိုယ့်ဘဝနှင့်ကိုယ် သီးခြားခွဲနေကြမည်ဟု ဟာသတစ်ဝက်နှောကာ တမင်တကာ ပြောထားခဲ့ခြင်း ဖြစ်ပေသည်။
နိုင်ငံနှစ်နိုင်ငံကြားက လက်ထပ်ပွဲကို စန်းယွမ်ယွမ်အနေဖြင့် ကွာရှင်းချင်ပါက သူမဟာပြောရေးဆိုခွင့်ရှိသူ မဟုတ်ပေ။ဟန်ရှောင်လင် သူမအပေါ်၌ အပြစ်ရှိစိတ်တွေ ပိုပိုများလာအောင် ချစ်ပ်ပြားတိုင်းကို ဆုပ်ကိုင်ထားရုံသာတတ်နိုင်သည်။ ဤနည်းနှင့်ဆိုလျှင်တော့ သူမလည်း ပြုသမျှ နုခံနေရတော့မည် မဟုတ်ပေ။
ထင်မှတ်မထားစွာပင် ကိစ္စက ဤနှယ် တိုက်ရိုက်ကြီး ပေါ်ထွက်လာချေသည်။
![](https://img.wattpad.com/cover/317732643-288-k47013.jpg)
ESTÁS LEYENDO
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romanceစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️