အပိုင်း ၃၆၁-၃၆၅

1K 131 0
                                    

အပိုင်း ၃၆၁


ချင်ယွိချီ၏ ထွက်ဆိုချက်က တကယ်ပဲ အလွန်ရိုးရှင်းသည်။

စန်းယွမ်ယွမ် အလွန်တရာမှ မြန်ဆန်စွာ ဖတ်ရှုပြီးသွားသည်။

သူမက ထွက်ဆိုဝန်ခံချက်ကို ပိတ်ကာ မျက်လုံးမှိတ်၍ လေးလေးနက်နက်စဥ်းစားနေလိုက်သည်။

လွန်ခဲ့သည့် နှစ်နှစ်ဆယ်က လက်ရှိချင်ပြည်နယ်ဘုရင်ဖြစ်သူ ချင်ယွိချွမ်းသည် ကောင်းကင်ဘုံသူတော်စင်တစ်ယောက်၏ အသက်ကို တိုက်တိုက်ဆိုင်ဆိုင်ကယ်ခဲ့သည်။ အသက်ကိုကယ်သောကျေးဇူးကိုပြန်ဆပ်သောအားဖြင့် ထိုကောင်းကင်ဘုံသူတော်စင်က ချင်ပြည်နယ်ဘုရင့်အား ကြီးမားသည့်လျို့ဝှက်ချက်တစ်ခုကိုပြောပြခဲ့သည်။ကောင်းကင်ဘုံဗိမ္မာန်တော်က မဟာကောင်းကင်ကြိုတင်ဟောကိန်းနည်းလမ်းကို စတင်ခဲ့ပြီး ယွင်နိုင်ငံတော်ရှိ ၁၈ပြည်နယ်၏ ကံကြမ္မာကို မြင်ခဲ့ရကြောင်းပင်။

လူတိုင်းကို မိုးကြိုးပစ်ချသလိုဖြစ်သွားစေတာကတော့ ဤကမ္ဘာလောကကြီးက နှစ်သုံးဆယ်သာ သက်တမ်းကျန်ရှိတော့ခြင်းပင်။ နှစ်သုံးဆယ်ကြာလျှင် ဤကမ္ဘာကြီးကို မြေအောက်မိစ္ဆာများ ပိုင်စိုးသွားမည်ဖြစ်ပြီး သွေးလွှမ်းသောအခြေအနေသို့ ပြောင်းသွားပေလိမ့်မည်။

ဘယ်လိုပင်အဖြေထုတ်ကောက်ချက်ချပါစေ အဆုံးသတ်က အေးခဲနေပြီး ကမ္ဘာကြီးက အဆုံးသတ်နှင့် နီးလာပြီဟုသာ။

ကောင်းကင်ဘုံဗိမ္မာန်တော်ဟာ ကောင်းကင်ဘုံကိုဆန့်ကျင်၍ ကံကြမ္မာကိုပြောင်းဖို့ရာ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သည်။

ထိုမိုးထစ်ချုန်းသော သတင်းက ချင်ပြည်နယ်ကို ထိတ်လန့်စေခဲ့၏။ များစွာတွေးခဲ့ကြပြီးနောက် လက်ရှိချင်ဘုရင်နှင့် ညီတော် ချင်ယွိချီဟာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြသည်။ ကောင်းကင်ဘုံဗိမ္မာန်တော်ထဲ လျိုဝင်ကာ လှုပ်ရှားဖို့အချိန်ကောင်းကိုစောင့်ပြီး အခွင့်အရေးကို အမိဖမ်းရန်ပင်။

ချင်ပြည်နယ်အတွက်တော့ ချင်ယွိချီအား "ခန္ဓာကိုယ်အားနည်း၍ ပြင်ပလောကကြီးအား လျစ်လျူရှုထားသော" ငပျင်းတော်ဝင်မိသားစုဖြစ်ဖို့နှင့် တာအိုဘာသာကို အပြည့်အဝကိုးကွယ်ဆည်းကပ်ခြင်းဖြစ်လာဖို့ နှစ်ပေါင်းများစွာရင်းနှီးခဲ့ရသည်။ ထို့နောက်မှာ အသပြာအများအပြားသုံး၍ ကောင်းကင်ဘုံဗိမ္မာန်တော်ဆီပို့ကာ သူတော်စင်ဖြစ်လာစေခဲ့ခြင်း ဖြစ်ပေသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now