အပိုင်း ၂၆၇ ၂၆၈ ၂၆၉

1.5K 197 14
                                    

အပိုင်း၂၆၇

ယုံးဝူမင့်က တရားကျင့်နေသည်။ သူဟာ ခန္ဓာကိုယ်တွင်းက ထာဝရမီးတောက်ကို အပြည့်အဝထိန်းချုပ်ဖို့ ကြိုးစားနေမှန်း စန်းယွမ်ယွမ် သိပေသည်။

သူဟာ စာအုပ်ထဲကထက် အများကြီးသန်မာပြီး အတောင်ပံတွေလည်း ရှိသည်ဆိုသော်ငြား မည်သို့ဆိုစေ ထာဝရမီးတောက်ဟာ အလွန် ရက်စက်ကြမ်းကြုတ်ပြီး လျှော့မတွက်သင့်ပါချေ။

သူမ လုပ်နိုင်တာဆို၍ မောင်းနှင်နေစဥ် ခုန်တာ ဆောင့်တာတွေ နည်းအောင် ရထားလုံးဘီးနှင့် ဘီးစွပ်ကြောင်းတွေမှာ ဝိညာဥ်စွမ်းအင်နွယ်ပင်တွေကို တိတ်တဆိတ်ပတ်ကာ ဖုံးအုပ်ပေးထားတာမျိုးပင်ဖြစ်သည်။

ခရီးစဥ်ကတော့ ဖြောင့်ဖြူးကာ သာယာခဲ့ပေ၏။

နောက်တစ်နေ့မှာတော့ ရထားလုံးက မြို့တစ်ခုထဲသို့ ခပ်ဖြည်းဖြည်း မောင်းဝင်လာခဲ့လိုက်ကြသည်။ စန်းပုကျင့်က တည်းခိုခန်းတစ်ခုရှာ၍ လေးယောက်လုံးရေမိုးချိုး၍ အဝတ်အစားများ လဲလှယ်နိုင်ကြရန် အခန်းလေးခန်းငှားလိုက်သည်။

အလွန်အမင်းအရှက်မဲ့လှသော ယုံးဝူမင့်ကတော့ စန်းပုကျင့်၏ ထင်ရှားသောညွှန်ကြားချက်နှင့် အရိပ်အမြွက်တွေကိုဂရုပင်မစိုက်။ စန်းယွမ်ယွမ်နှင့်အတူ တစ်ခန်းထဲဝင်သွားလေသည်။

သို့ငြား သူဟာ တခြားလွန်လွန်ကျူးကျူး အရာများလည်း မလုပ်ခဲ့ပါချေ။

သူမက ကန့်လန့်ကာနောက်ရှိ သစ်သားစည်ပိုင်းထဲမှာ ရေချိုးနေတုန်း သူက ကုတင်ပေါ် ပျင်းရိပျင်းတွဲ့ထိုင်ကာ မျက်လုံးကို မှေးစင်း၍ ခြေထောက်တစ်ဖက်ကွေးပြီး အလွန်အမင်း ဝေဝါးလှသော ကောက်ကြောင်းကို လှမ်းကြည့်နေလေသည်။

တကယ့်ကို အလွန်ထူးဆန်းလှသည်။

ရံဖန်ရံခါ လှုပ်ရှားနေသည့် ဝိုးတဝါးခေါင်းလုံးလုံးအရိပ်လေးမြင်ရရုံဖြင့်ပင် သူ သူမကိုမှတ်မိနေနိုင်သည်။ ဘယ်တော့မှ လူမှားမှာ မဟုတ်တာလည်း သေချာ၏။

ခဏကြာတော့ သူမက စည်ပိုင်းထဲကထွက်လာသည်။

သူ့ မသိစိတ်အရ အကြည့်တွေလွှဲကာ ရှောင်လိုက်သည်။ ထို့နောက်မှ ချက်ချင်းပင် ကိုယ့်ဒူးကိုယ် စိတ်တိုစွာ ရိုက်လိုက်မိ၏။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now