အပိုင်း ၁၇

4.8K 563 3
                                    

Unicode

  
"လင်ကူး ကျွန်မ ကျင့်ကြံရေးကို လေ့ကျင့်ချင်တယ်"
  
ထိုစကား ပြောပြီးပြီးချင်း စန်းယွမ်ယွမ် နှလုံးမှာ တဒုန်းဒုန်းခုန်လို့နေ၏။
  
သူမအနေဖြင့် ဘုရင်ကို အရယူဖို့ နိုင်ငံကို ဘေးအန္တရာယ်တွေ ဆောင်ကြဥ်းလာတတ်သော အဖျက်အစီး နတ်ဘုရားမဇာတ်ရုပ်နေရာအများကြီးကို သရုပ်ဆောင်ဖူးပါ၏။ သူမ လုံးဝကို စိတ်မဝင်စားခဲ့ပေ။
  
သို့ပေမဲ့ ကျင့်ကြံရေးကတော့ မတူပေ။
  
ဤကမ္ဘာကြီးမှာ တစ်စုံတစ်ယောက်က တကယ်ပဲ ကျင့်ကြံပြီး အမတမျိုးဖြစ်သွားနိုင်သည်။
  
ကျင့်ကြံရေး! အရင်က မကျင့်ကြံဖူးဘူးလေ! အဲ့ဒါကြောင့် အရမ်း အရမ်းကို ကျင့်ကြံချင်တယ်လို့!

သေမျိုးကနေ အမတမျိုးဖြစ်ဖို့ အရင်ဦးစွာ အဆင့်၉ဆင့်ပါသည့် စိတ်ဝိညာဥ်ဖုံးကွယ်နယ်ပယ်အဆင့်ကို ဝင်ရောက်ရလိမ့်မည်။အမျိုးသမီးတစ်ယောက်ဟာ စိတ်ဝိညာဥ်ဖုံးကွယ်နယ်ပါယ်အဆင့်ကို ဝင်ရောက်လျှင်ဝင်ရောက်ပြီးပြီးချင်းမှာ သူမဟာ နဂါးနီ[1]ကို အမြစ်ဖြတ်ပစ်ရမည်ဖြစ်ပြီး အဓိပ္ပါယ်ကတော့ နောက်တစ်ကြိမ်ကလေးရဖို့နှင့် ကိုယ်ဝန်ဆောင်ဖို့ မဖြစ်နိုင်တော့ဟူ၍ပင်။

ကလေးမွေးပြီးသွားသည့် အိမ်ထောင်ရှိမိန်းမတစ်ယောက်အတွက် သူတို့၏ အရပ်အမောင်းနှင့် ဖွဲ့စည်းပုံအနေအထားတို့က ပြောင်းလဲလာလိမ့်မည်ဖြစ်ကာ သူတို့၏ အုတ်မြစ်သည်လည်း တစ်ဝက်လောက် ပျက်စီးလာလိမ့်မည် ဖြစ်သည်။ထပ်မံကျင့်ကြံလိုပါက ယင်းဟာ ကောင်းကင်ဘုံကို ကြွမြန်းနိုင်ဖို့တော့ ခက်ခဲသွားပြီဖြစ်သည်။

ဤအကြောင်းကြောင့်ပင် သည်ကမ္ဘာကြီးမှာ အမျိုးသမီးကျင့်ကြံသူအရေအတွက် အလွန်နည်းပါးနေပေသည်။
  
တော်ဝင်မိသားစု၏ သမီးတစ်ယောက်အနေဖြင့် ကျင့်ကြံရေးလမ်းစဥ်ကိုဝင်လိုသည့်ဆန္ဒရှိခြင်းက ပုန်ကန်သည့်အရာတစ်ခုမှန်း စန်းယွမ်ယွမ် သိပါ၏။ ထို့အပြင် သူမဟာ ဟန်ဘုရင်နှင့် လက်ထပ်ပြီးသွားပြီဖြစ်ကာ ခုချိန်မှာ အဓိကတရားဝင်ဇနီးကြီးလည်း ဖြစ်နေချေပြီ။
  
သူမက လင်ကူးကို တည်ငြိမ်သယောင်ဟန်ဆောင်ကြည့်နေပေမဲ့လည်း တကယ်တမ်းကျ မျှော်လင့်ချက်များများစားစားကို ဆုပ်ကိုင်မထားရဲပေ။
  
အငြင်းခံရမည်က ပုံမှန်ပင်ဖြစ်သည်။
  
ကိစ္စမရှိ။ နောက်မှ နောက်တစ်နည်း စဥ်းစားလိုက်တော့မည်။
  
လင်ကူးမှာ ကြက်သေသေသွားလေ၏။ အတော်ကြာမှ ငယ်ရွယ်သော်ငြား လောကဓံကို ရင်ဆိုင်ခဲ့ပြီးပြီဖြစ်သော မျက်ဝန်းအစုံကနေ ရုတ်တရက်ကြီး မျက်ရည်စီးကြောင်းကြီးတစ်ခု စီးကျလာတော့သည်။
  
စန်းယွမ်ယွမ် သူမသွေးတွေ ခဲသွားသလိုတောင် ခံစားလိုက်ရသည်။
  
ဒါက...စစ်နတ်ဘုရားမရဲ့ မျက်ရည်တွေကို ဘယ်လိုဖွဲ့နွဲ့ပြရမလဲ။ ရက်စက်တဲ့ကျားတစ်ကောင်ရဲ့ ငိုကြွေးမှု လို့လား။
  
"မဟုတ်ဘူးလေ။ လင်ကူး မငိုပါနဲ့"
  
"မင်းသမီး....နောက်ဆုံးတော့ မင်းသမီးက သဘောပေါက်သွားပြီပဲ!"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now