အပိုင်း ၂၈

4.3K 516 3
                                    

Unicode

  
မီးက မကြာခင်မှာပဲ ငြိမ်းသွားကာ မီးခိုးတွေသာလျှင် ကျန်ရှိခဲ့သည်။
  
ချင်းလျန်နန်းဆောင်က လုံးဝဥသုံ လောင်ကျွမ်းခံလိုက်ရကာ အနီးနားရှိ ဖုန့်ရွှီးနန်းဆောင်သည်လည်း ဝမ်းနည်းဖွယ်ရာကောင်းစွာ ထိခိုက်ခံလိုက်ရပြီး တစ်ဝက်လောက်က ပြာအဖြစ်လောင်ကျွမ်းသွားခဲ့လေသည်။
  
အခြေအနေက ထိန်းချုပ်မှုအောက်ကိူ ရောက်သွားပြီးနောက်မှာ အကုန်လုံးက တစ်ချိန်တည်းမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြပြီး နောက်ဆက်တွဲကိစ္စတွေပြင်ဆင်ဖို့ စတင်လိုက်ကြသည်။
  
ထိုစဥ်မှာပင် အစောင့်တပ်မှူးက ကျဥ်းထဲကြပ်ထဲရောက်နေသောမျက်နှာထားဖြင့် စွပ်ပြုတ်ထဲက ကြက်တွေလို ရွဲရွဲစိုနေသည့် လူနှစ်ယောက်ကို ဟန်ရှောင်လင်ရှေ့မှောက်သို့ ပို့ဆောင်ပေးလာ၏။
  
ယုံးယင်ယွဲ့နှင့် ကျန်းကျင်ယွမ်ပါပင်။
  
ဟန်ရှောင်လင် : "....."
  
စန်းယွမ်ယွမ် : "......."
  
ဒါက...ဒါက လုံးဝကို မတော်တဆပါနော်။
  
သူမက ကျန်းကျင်ယွမ်ရဲ့အသက်လေးကို ထိန်းပေးပြီး တစ်ချိန်တည်းမှာ ယုံးယင်ယွဲ့ကိုလည်း ခြောက်လှန့်ချင်ရုံလေးပါ။
  
မီးလောင်သွားမယ်လို့တော့ ဘယ်သူက တွေးမိမှာတဲ့တုန်း။
  
ယုံးယင်ယွဲ့မှာ အမှန်တကယ်ကြီးကို ကြောက်လန့်နေတာဖြစ်သည်။ ​ကြက်ပေါက်လေးတစ်ကောင်အလား သူမဟာ ဟန်ရှောင်လင်ကိုဖက်ထားကာ လွှတ်မပေးတော့ချေ။

"ဟန်လန်...ဟန်လန်...သူ..သူ ကျွန်မနန်းဆောင်ထဲပြေးဝင်လာပြီး ကျွန်မကိုမီးရှို့သတ်တာ! ဟန်လန် ကျွန်မအတွက် တရားမျှတမှုရှာပေးရမယ်နော် ဝူး~ဝူး~ဝူး....ဝူးကျွန်မအရမ်းကြောက်နေတာလို့..ဝူး~ဝူး~ဝူး"
  
ယုံးယင်ယွဲ့သည် တစ်ချိန်က အလွန်မောက်မာခဲ့ဖူး၏ အကြီးမားဆုံးအကြောင်းရင်းကတော့ သူမဘေးမှာ စိတ်ဝိညာဥ်ကြည်လင်နယ်ပယ်ရောက်နေသည့် သန်မာသော ကျင့်ကြံသူဖြစ်သည့် ဟွေးရီ ရှိနေခဲ့သောကြောင့်ပင်။သူမက လူတွေကိုလုပ်ကြံသတ်ဖြတ်ကာ ရှေ့မှာမီးမွှေးလေတိုင်း ဟွေးရီက နောက်ဆက်တွဲတွေကို ရှင်းပေးမြဲဖြစ်၏။ ခုချိန်မှာ ဟန်ရှောင်လင်က ဟွေးရီကို ကွပ်မျက်လိုက်ပြီဖြစ်ရာ သူမမှာမျက်လုံးနှင့်လက်နှစ်ဖက် ဆုံးရှုံးလိုက်ရသလိုပင်။ခုလိုကံဆိုးမှုတွေနှင့်ကြုံလာချိန်ဝယ် သူမမှာ ချက်ချင်းကို ပြိုလဲလေတော့သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now