အပိုင်း ၇၉

3K 375 0
                                    

Unicode

သည်နေရာက စန်းပြည်နယ်နှင့်ယုံးပြည်နယ်ကြားက နယ်ခြားစည်းနေရာပင် ဖြစ်၏။

စစ်ပွဲက မတိုက်တော့ဘူးဆိုမှတော့ သည်နေရာမှာ ဆက်နေစရာလည်း မလိုတော့ပေ။

စန်းဘုရင်နှင့် အဖွဲ့သားတွေက စန်းမြို့တော်ရှိရာ တောင်ဘက်သို့ မသွားကြချေ။ ထိုအစား အရှေ့ဘက်သို့ ဦးတည်လိုက်ကြသည်။ အကြောင်းမူ ဧကရာဇ်က စန်းဘုရင်အား အပြစ်ကို လာအသနားခံဖို့ ထျန်းတုသို့လာရန် တမာန်တော်စေလွှတ်လိုက်သောကြောင့်ပင်။

စန်းပြည်နယ်ကနေ ထျန်းတုသို့ သွားရာတွင် သူတို့ဟာ ကျန်းပြည်နယ်၏အရှေ့ဘက်နယ်ခြားစည်းကို ဖြတ်ဖို့လိုလေသည်။ နယ်မြေနှစ်ခုဆုံရာလမ်းအရောက်မှာတော့ စန်းဘုရင်က သံချပ်ကာတပ်အား ပြန်သွားကြဖို့ အမိန့်ပေးလိုက်သည်။ သူက မောင်နှမနှစ်ယောက်နှင့်အတူ ကိုယ်ရံတော် အယောက်၁၀၀လောက်သာခေါ်၍ သံတမာန်နှင့်အတူ ကျန်းနယ်မြေ၏ နယ်ခြားစည်းထဲ ဝင်လာခဲ့လေသည်။

စန်းချန်မင်က ဟန်ပြည်နယ်၏ ပိုင်နက်ထဲမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့၏။ စန်းမျိုးနွယ်သည်လည်း ဤမျှကြီးမားသော နယ်တစ်ခွင်ကို မရှာနိုင်တာကြောင့် ဟန်ရှောင်လင်ကိုသာ ထိုကိစ္စဖြေရှင်းပေးဖို့ တောင်းဆိုရတော့သည်။

စန်းဘုရင်နှင့် အိမ်ရှေ့စံ နှစ်ယောက်လုံးက သဘောထားကြီးကာ ထိုကိစ္စကို ကြီးကြီးမားမားဟု မတွေးကြချေ။ သူတို့ဟာ ဟန်ရှောင်နှင့် စန်ချန်မင်ကို မကြာခဏ ကျိန်ဆဲရုံသာ လုပ်ကြလေသည်။

သူတို့စကားတွေကို နားထောင်နေရင်းဖြင့် စန်းယွမ်ယွမ်မှာ အနှီသားအဖနှစ်ယောက်သားက စန်းချန်မင်ကို ဟန်ရှောင်လင်လက်ထဲက လွတ်သွားပြီး နောက်မှ သူတို့မိသားစုစည်းမျဥ်းဖြင့် ကိုင်တွယ်ဖြေရှင်းဖို့ စန်းဘုရင်လက်ထဲရောက်စေဖို့ မျှော်လင့်နေသည်ဟု ခံစားမိလာတော့သည်။

သားအဖနှစ်ယောက်သားဟာ စန်းယွမ်ယွမ်နှင့် နီးစပ်ရင်းနှီးဖို့ အလောတကြီးမလုပ်ကြပေ။ သို့သော်လည်း မကြာခဏဆိုသလိုတော့ သူမဆီ ဂရုတစိုက်လာကာ သူတို့မျက်နှာတွေကို ပြလေ့ရှိသည်။

စန်းယွမ်ယွမ်မှာလည်း တဖြည်းဖြည်း စိတ်အေးလာရတော့သည်။

မတတ်နိုင်။ ရေလိုက်ငါးလိုက် အလိုက်သင့်လေး သွားရတော့မည်ပင်။

ချစ်ခြင်းမေတ္တာတွေ ပြည့်လျှမ်းနေသည့် ထိုမျက်ဝန်းများနှင့် ရင်ဆိုင်ရချိန်မှာ သူတို့မိသားစုဝင်က သူတို့နှင့် လက်တစ်ကမ်းမှာရှိနေပေမဲ့ ထာဝရဝေးကွာသွားပြီဆိုသည့်အကြောင်း သူမဘယ်ပုံဘယ်နည်း အသိပေးဝံ့ပါမည်နည်း။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now