အပိုင်း ၉၅

2.7K 340 0
                                    

Unicode


အနီးကပ်ကိုယ်ရံတော် ၁ရာကျော်လောက်က သူတို့၏ သံမဏိမျှော်စင်လိုခန္ဓာကိုယ်များနှင့် အကာအကွယ်စည်းသဖွယ်လုပ်ကာ စန်းမိသားစုသုံးယောက်ကို အလယ်မှာ ကာကွယ်ထားလိုက်ကြသည်။

"ကောလဟာလတွေအရ စန်းဘုရင်က သူ့သမီးတော်ကိုချစ်တာများ အသက်နဲ့ထပ်တူပဲတဲ့။ တကယ်လို့ စန်းဘုရင်သာ မင်းသမီးကို မတော်တဆဒဏ်ရာရတာမျိုး မဖြစ်စေချင်ရင် ကျုပ်တို့ကို လက်လွှဲပေးလိုက်တာ အကောင်းဆုံးပဲ။သူ ဘေးကင်းစေရမယ်လို့ ကျူပ်တို့အာမခံနိုင်တယ်"

ယုံးတပ်ဖွဲ့၏ စစ်သူကြီးက အေးစက်စက်ပြုံးကာ ဆိုလိုက်သည်။

ဒေါသအလွန်အကြူးထွက်လာမှုကြောင့် စန်းဘုရင်မှာ ရယ်ချလိုက်ရင်း တုံ့ပြန်လိုက်၏။

"ယုံးဝူမင့်က ခုပုန်ကန်နေတာလား"

ယုံးတပ်ဖွဲ့၏ စစ်သူကြီးက ခပ်ဖျော့ဖျော့ပြုံးရင်း

"ကျုပ် နောက်ပြန်ရေတွက်ပေးပါမယ်။ သုံး...."

စန်းသားအဖနှစ်ယောက်က သူတို့အသက်ကိုရင်းကာ ရှေ့တက်ဖို့စောင့်နေကြချိန်မှာပင် ကြည်လင်ထက်မြက်သော အသံတစ်သံက သူတို့နောက်ကနေ ထွက်လာလေသည်။

"ယုံးဘုရင် အလိုရှိတဲ့လူက အသက်ရှင်နေတဲ့ စန်းမင်းသမီးပဲ ဟုတ်တယ်မလား"

လူတိုင်းက အတူတကွလှမ်းကြည့်လိုက်မိကြတော့ ခပ်မတ်မတ်ရပ်နေသည့် ကိုယ်လုံးကိုယ်ပေါက်သေးသွယ်ကျစ်လျစ်သော ပုံရိပ်တစ်ခုက သစ်သားလှီးသည့်သာမန်ဓါးတစ်ချောင်းကိုလက်ထဲကိုင်ကာ သူမလည်ပင်းပေါ်သို့ တင်ထားတာကို တွေ့လိုက်ရတော့သည်။

လေတိုက်တိုက်ထဲမှာ ရပ်နေရင်းဖြင့် သူမဟာ ဂရုမထားစွာဖြင့် ဓါးကို အရေပြားတွင်းသို့ ခပ်နက်နက် ဖိချလိုက်သည်။

ထူပစ်သော သွေးစီးကြောင်းတစ်ခုက လျှင်မြန်စွာ စိမ့်ထွက်လာ၏။

"ညီမတော်!"

"သမီးတော်!"

စန်းယွမ်ယွမ်က ရန်သူ့ဘက်ကစစ်သူကြီး၏ မျက်လုံးထဲသို့ တည့်တည့်စိုက်ကြည့်နေလိုက်သည်။

"ကျွန်မခမည်းတော်နဲ့ အစ်ကိုတော်ကို သွားခွင့်ပြုလိုက် ဒါမှမဟုတ်ရင် ကျွန်မတို့အကုန်လုံး ဒီမှာ တူတူသေလိုက်ကြတာပေါ့"

တစ်ဖက်လူက သိသာလှစွာပင် ခဏမျှ တုံ့ဆိုင်းသွားလေ၏။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now